ကျပ် ၅၀၀၀ တန်နှင့် ၁၀၀၀၀ တန်များကို ရုပ်သိမ်းပြီး ဘဏ်များပိတ်သိမ်းမည့်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

ကျပ် ၅၀၀၀ တန်နှင့် ၁၀၀၀၀ တန်များကို ရုပ်သိမ်းပြီး ဘဏ်များပိတ်သိမ်းမည့်သတင်း မဟုတ်မှန်ကြောင်း ဗဟိုဘဏ်ထုတ်ပြန်

လက်ရှိဖြစ်ပေါ်နေသော အခြေအနေများအရ ဘဏ်များကိုပိတ်သိမ်းပြီး ကျပ်ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန်များကို ရုပ်သိမ်းမည့်သတင်းသည် အမှန်တကယ်မဟုတ်ဘဲ သတင်းမှားသာဖြစ်ကြောင်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ဩဂုတ် ၁၃ ရက်တွင် ထုတ်ပြန်သည်။

ယင်းသို့ ဘဏ်များကိုပိတ်သိမ်းပြီး ကျပ်ငွေ ငါးထောင်တန်နှင့် တစ်သောင်းတန်များကို ရုပ်သိမ်းမည့်ဆိုသည့်သတင်းကြောင့် ဘဏ်များတွင် ငွေထုတ်ယူနေသူ များပြားနေကြောင်း ဗဟိုဘဏ်က ထုတ်ပြန်သည်။

မြန်မာနိုင်ငံဗဟိုဘဏ်အနေဖြင့် ငွေရေးကြေးရေးစနစ် တည်ငြိမ်အောင် ဆောင်ရွက်လျှက်ရှိပြီး ဘဏ်များအနေဖြင့်လည်း သတ်မှတ်ချက်များအတိုင်း ခိုင်မာစွာ ဝန်ဆောင်မှုပေးလျှက်ရှိကြောင်း ဗဟိုဘဏ်က ဆိုသည်။

ငွေကြေးနှင့် ဘဏ်ဝန်ဆောင်မှုများအပေါ် စိုးရိမ်မှုမရှိဘဲ ယုံကြည်စွာ သုံးစွဲနိုင်ကြောင်းနှင့် ဘဏ်ဝန်ဆောင်မှုများ ပုံမှန်ဆောင်ရွက်ရန် ဘဏ်များသို့ ညွှန်ကြားထားကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

August 3, 2026
ငဝန်မြစ်ရေကာတာ တာဘောင်ကျိုးကျမှုကြောင့် တစ်မြို့နယ်လုံးနီးပါး ရေကြီးရေလျှံမှု ဖြစ်ပွားနေသည့်...
August 1, 2026
စစ်အုပ်စုနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုတွင် ချင်းညီနောင် (CB) အဖွဲ့ဝင်ဖြစ်သည့်...
July 31, 2026
စစ်အုပ်စုတပ် ထိပ်ပိုင်းခေါင်းဆောင်တစ်ဦး ဖြစ်သူ ဗိုလ်ချုပ်ကြီး ထွန်းအောင်၏ ရန်ကုန်နေအိမ်သို့...
July 30, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် စစ်အုပ်စုက ပြီးခဲ့သည့် ဇူလိုင်လ ၂၄ ရက်နေ့မှစ၍ ဇူလိုင်လ ၂၉ ရက်နေ့...