ထားဝယ်မြို့ပေါ်တွင် ရဲတပ်ဖွဲ့၀င် သေနတ်ပစ်ခံရ

ထားဝယ်မြို့ပေါ်တွင် ရဲတပ်ဖွဲ့၀င် သေနတ်ပစ်ခံရ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့၀င်တစ်ဦးဖြစ်သည့် အသက် ၃၀ ကျော်အရွယ် ဦးအောင်ဇင်ဌေးသည် ဩဂုတ် ၁၁ ရက် ညနေ ၅ နာရီခန့်အချိန်တွင် သေနတ်ပစ်ခတ်ခံခဲ့ရသည်။

"ညနေ ၅ နာရီ‌လောက်က ဒေါင်းငူရပ်ကွက်၊ ထက်လင်းဗီဒီယိုရုံဟောင်းအနီးမှာ အပစ်ခံရတာပါ၊ သူက ဘာရာထူးလဲတော့မသိဘူး၊ နောက်ကျောကို သုံးချက်မှန်တယ်ကြားတယ်၊ ဆေးရုံတင်ထားတယ်လို့တော့ သတင်းရတယ်" ဟု ဒေသခံတစ်ဦးက ဖြစ်စဉ်ကို ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့၀င်အား ပစ်ခတ်ခဲ့သည်မှာ ထားဝယ်မြို့တွင် ဖွဲ့စည်းထားသည့် Guerrilla Dawei ၏ လက်ချက်ဖြစ်ကြောင်း ယင်းအဖွဲ့က ဩဂုတ် ၁၁ ရက်တွင် ထုတ်ပြန်သည်။

Guerrilla Dawei အဖွဲ့သည် လက်နက်ကောင်းစွာ မရှိခြင်းကြောင့် ပစ်မှတ်၏ကျောဘက်တွင် ကျည် သုံးချက်ထိမှန်သော်လည်း ပစ်မှတ်မှာ ကံကောင်းစွာဖြင့် အသက်ရှင်နေသေးသည်ကို သိရှိထားရကြောင်း၊ အဆိုပါ စစ်ကောင်စီအဖွဲ့၀င်သည် ထားဝယ်မြို့တွင်း သပိတ်စစ်ကြောင်းများ၊ သပိတ်ခေါင်းဆောင်အများအပြားအား စစ်ကောင်စီက အကြမ်းဖက်ဖြိုခွင်းခြင်း၊ ဖမ်းဆီးခြင်းများ ပြုလုပ်နိုင်ရန်အတွက် ထောက်လှမ်းသတင်းပေးနေသည့်အပြင် ဆန္ဒပြလူငယ်များအား ပစ်ခတ်သတ်ဖြတ် ဖမ်းဆီးရာတွင် ပါဝင်သည့် စစ်ကောင်စီလက်ပါးစေ (ဒလံအကြီးစား) တစ်ဦးဖြစ်ကြောင်းကို စစ်ဆေးတွေ့ရှိထားခြင်းကြောင့် ထိုကဲ့သို့ သုတ်သင်ရှင်းလင်းရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

Guerrilla Dawei သည် မြို့ပြပြောက်ကျားစစ်ဆင်ရေးနှင့် သတင်းပေး (ဒလံ) များအား အမြစ်ပြတ်‌ချေမှုန်းနိုင်ရေး လှုပ်ရှားနေသော အဖွဲ့စည်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်နှင့် ဒီမိုကရေစီရရှိရေးအတွက် တိုက်ပွဲဝင်နေသော သူရဲကောင်းများအား ထိခိုက်ဆုံးရှုံး‌စေရန် ဆောင်ရွက်နေသည့် အကြမ်းဖက်စစ်ကောင်စီကျွန်များ၊ ဒလံများ၊ ပျူစောထီးအဖွဲ့များ၊ မဘသများ စသည့်အဖွဲ့စည်း လူပုဂ္ဂိုလ်မှန်သမျှအား Guerrilla Dawei အဖွဲ့မှ ရှင်းလင်းသုတ်သင်နိုင်ရန် အမြဲကြိုးစားဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သတိပေးထားသည်။

 
 

 

 

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...