ဒီပဲယင်းမြို့နယ်တွင် ပျုစောထီးအဖွဲ့က နေအိမ်တစ်လုံးကိုမီးရှို့

ဒီပဲယင်းမြို့နယ်တွင် ပျုစောထီးအဖွဲ့က နေအိမ်တစ်လုံးကိုမီးရှို့

စစ်ကိုင်းတိုင်းဒေသကြီး ဒီပဲယင်းမြို့နယ်၊ အင်ပင်-ရဲဒင်ကျေးရွာတွင် သြဂုတ် ၁၂ ရက် နံနက်ပိုင်းက စစ်ကောင်စီ ကျောထောက်နောက်ခံ ပျူစောထီးများသည် လူနေအိမ်တစ်လုံးအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဒီပဲယင်းတွင် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်က စစ်ကိုင်းတိုင်း မုံရွာဘက်မှလာသည့် ကားငါးစီးပါ စစ်ကောင်စီယာဉ်တန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) က ဒီပဲယင်းမြို့နယ် စိုင်ပြင်နှင့် ကြည်ရွာတွင်စစ်‌ကောင်စီကားကို မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကားနှစ်စီး မိုင်းထိမှန်ခဲ့ကာ အကျအဆုံးရှိခဲ့ပြီးနောက် စစ်ကောင်စီက ထိုးစစ်ဆင်လာခဲ့ခြင်းဖြစ်သည်။

"စစ်ကားတွေနဲ့ အတူပါလာပြီး အပြန်ကို ဝင်ရှို့သွားတာ။ လက်ရှိချိန်ထိ မပြန်သေးဘူးလို့သိရတယ်။ ရွာတွေထဲကို ပတ်နေတယ်။ လူအထိအခိုက်တော့ ရှိလား မသိသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်များသည် ကျေးရွာအတွင်းရှိ ပစ္စည်းများယူကာ နေအိမ်အဆောက်အဦးများ ဖျက်ဆီးခြင်း၊ ဈေးဆိုင်များကို ဝင်ရောက်မွှေနှောက်လုယူခြင်းနှင့် အိမ်မွေးတိရစ္ဆာန်များကို ဖမ်းယူစားသောက်ခြင်းများအပြင် ရွာသူရွာသားများကို ဖမ်းဆီးခြင်း လုပ်ဆောင်လျက်ရှိသည်။

လက်ရှိတွင် ရွာသူရွာသားများအနေဖြင့် နီးစပ်ရာ တောတောင်ထဲသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း ဒီပဲယင်းမြို့နယ် ဆပ်ပြာကျင်းရွာ တိုက်ပွဲ၌ စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဒီပဲယင်း PDF တပ်ဖွဲ့ဝင် (၃၀) ကျော် သေဆုံးခဲ့ရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...