စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် နေအိမ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် နေအိမ်ရှိ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရ

စစ်ကောင်စီတပ်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒီမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်ကြားမှာရှိတဲ့ ကျေးရွာတစ်ရွာမှ အမျိုးသမီးငယ်တစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့တယ်လို့ ဒေသခံဆီကနေ သိရပါတယ်။

“တောင်ယာကနေ ပြန်လာတယ်။ အိမ်ရောက်တဲ့ချိန်ထိတာ ခြံနားလေးမှာ ၄ လုံးကျတယ်။ ၂ လုံးကွဲတယ်။ လူနာတင်ယာဉ်ကားနဲ့ ခေါ်ထုတ်တာ စစ်ကောင်စီက တားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ နံနက်ပိုင်း ၁၀ နာရီကျော်မှာ ကရင်နီတပ်မတော်၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် ပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ အဆိုပါပစ်ခတ်မှုက ၁၀ မိနစ်ဝန်းကျင်သာရှိပေမယ့် စစ်ကောင်စီတပ်က တစ်ဖက်သတ် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အဆက်မပြတ် ပစ်ခတ်ခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း တောင်ယာလုပ်ငန်း သွားရောက်လုပ်ကိုင်ကြတဲ့ ဒေသခံတစ်ချို့ ပိတ်မိခဲ့သလို စစ်ကောင်စီဖက်မှ ကျေးရွာရှိတဲ့ဖက်မှာ အမြောက်၊ လက်နက်ကြီးတွေ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။

အဆိုပါ အပြန်အလှန်ပစ်ခတ်မှုမှာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးသူရှိသလို ထိခိုက်ဒဏ်ရာရသူလည်းရှိတယ်လို့ သိရပါတယ်။

 
 

 

 

August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...