ဝါးခယ်မမြို့နယ်က ဆန်လှူရန်စီစဉ်သူ ၅ ဦး‌ကျော်ကို စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့ဖမ်းဆီး

ဝါးခယ်မမြို့နယ်က ဆန်လှူရန်စီစဉ်သူ ၅ ဦး‌ကျော်ကို စစ်ကောင်စီလက်‌အောက်ခံ ရဲတပ်ဖွဲ့ဖမ်းဆီး

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်၊ လှေကျင်းရပ်ကွက် ၅ လမ်းရှိ အိမ်တစ်အိမ်တွင် သြဂုတ် ၁၁ ရက် နံနက်ပိုင်းက ငွေကြေးချို့တဲ့သူများကို ဆန်လှူရန်အတွက် ပြင်ဆင်နေသည့် အိမ်ပိုင်ရှင်အပါအဝင် ပရဟိတသမား ငါးဦကျော်ကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း သိရသည်။

"ဆန်ဝေဖို့ အထုပ်တွေထုပ်နေတုန်းမှာပဲ ဝင်ဖမ်းသွားတာပါ။အိမ်ပိုင်ရှင် ကိုနိုင်ဦးအပါဆို ခန်မှန်းခြေ ငါးယောက်ကျော် လောက်ပါသွားတယ်၊ဘာကြောင့်ဖမ်းတယ်ဆိုတာလဲမပြောဘူး။ကျွန်တော်တို့မြို့ခံတွေကတော့ မတရားဘူးလို့ ပဲပြောနိုင်တယ်" လို့ ဒေသခံက ဆိုပါတယ်။

ဖမ်းဆီးခံရသူများတွင် စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများပြုလုပ်စဥ်က ဖမ်းဆီးခြင်းခံခဲ့ရပြီးပြန်လွတ်လာသူ အမျိုးသမီးတစ်ဦးပါဝင်သည်။

အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံများ ဖမ်းဆီးသွားသည့် ဒေသခံပရဟိတသမားများကို ဝါးခယ်မ မြို့မရဲစခန်းတွင် စစ်ဆေးနေ‌သည်ဟုသာ သိထားရပြီး ဖမ်းဆီးခံထားရပြီး နောက်ပိုင်းအခြေအနေများကို တိတိကျကျသိရှိခွင့် မရသေးကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...