အကြမ်းဖက်စစ်ကောင်စီရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် တစ်နေ့တည်းမှာ တိုက်ပွဲသုံးကြိမ် ဖြစ်ပွား

အကြမ်းဖက်စစ်ကောင်စီရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် တစ်နေ့တည်းမှာ တိုက်ပွဲသုံးကြိမ် ဖြစ်ပွား

ကရင်နီပြည်နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ အဆက်မပြတ် ထိုးစစ်ဆင်မှုကြောင့် ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) ပူးပေါင်းတပ်နဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ ဩဂုတ်လ ၉ ရက်နေ့ တစ်နေ့တည်းမှာ တိုက်ပွဲသုံးကြိမ် ဖြစ်ပွားခဲ့တယ်လို့ KNDF သတင်းနှင့်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ပါတယ်။

ဖရူဆိုမြို့နယ် အနောက်ဖက်ခြမ်း ဒိုမိုခိုကျေးရွာနဲ့ ဘီယာကျေးရွာအကြားမှာ အင်အား ၃၀၀ ခန့်ရှိတဲ့ စစ်ကြောင်း ၃ ကြောင်းဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိုးစစ်ဆင်မှုကို KA၊ KNDF ပူးပေါင်းတပ်မှ ခုခံတိုက်ခိုက်ခဲ့ပြီး ညနေပိုင်း ၂ နာရီခန့်မှာ တစ်ကြိမ်၊ ၅ နာရီခွဲမှာ တစ်ကြိမ် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ် ခေါင်းအိနဲ့ လဝဲကျေးရွာအနီးမှာ ပင်လောင်းဖက်မှ စစ်ကြောင်းချီလာတဲ့ စစ်ကောင်စီတပ်ကို KNDF က ပိတ်ဆို့တိုက်ခိုက်ခဲ့သဖြင့် ညနေ ၅နာရီခွဲမှာ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုရှိပြီး သေဆုံးမှုအရေအတွက်ကို အတည်နိုင်သေးဘူးလို့ KNDF က ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကရင်နီပြည်နယ်အတွင်း အင်အားအများအပြား ဖြည့်တင်းနေပြီး နှစ်ဖက်တိုက်ပွဲကြောင့် ဒေသခံပြည်သူတွေ အများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...
August 20, 2026
ဂျန်ဒါအခြေပြု အကြမ်းဖက်မှုများ လျှော့ချနိုင်ရေးအတွက် အမျိုးသမီးများအတွက် လိုအပ်သည့် အကူအညီများ...
(ဓာတ်ပုံ - Crd)
August 19, 2026
ကရင်နီပြည်တွင် သစ်တောပြုန်းတီးမှု ကာကွယ်လျှော့ချနိုင်ရန်အတွက် ထင်းမီးအစားထိုး လောင်စာတောင့်...