တရုတ်နယ်စပ်ဂိတ်ပိတ်ထား၍ ကြက်သွန်နီနှင့် ပဲအမျိုးစုံကို ဈေးချရောင်းနေရ

တရုတ်နယ်စပ်ဂိတ်ပိတ်ထား၍ ကြက်သွန်နီနှင့် ပဲအမျိုးစုံကို ဈေးချရောင်းနေရ

တရုတ်-မြန်မာ အဓိကကုန်သွယ်‌ရေးဂိတ်အား ပိတ်ထားသည့်အတွက် ကြက်သွန်နီနှင့် ပဲအမျိုးမျိုး ဈေးချရောင်းနေရကြောင်း တရုတ်နယ်စပ်မှကုန်သည်များထံမှ သိရသည်။

နယ်စပ်ဂိတ်မပိတ်မီကာလတွင် ကြက်သွန်နီဈေးမှာ အချိန် ၂၅ ပိသာပါသည့် အိတ်တစ်လုံးလျှင် ကျပ်ငွေ ၁၂၀၀၀ ဈေးရှိခဲ့သည်။

ယခုတရုတ်ဂိတ် ပိတ်ထားချိန်၌ ၂၅ ပိသာအိတ်တအိတ်လျှင် ကျပ်ငွေ ၇၀၀၀ ဖြင့် ရောင်းချနေရသည်။

"ကြိုက်တဲ့အိတ်ယူ တအိတ် ၇၀၀၀ ပဲ" ဟု ကုန်သည်တစ်ဦးမှဆိုသည်။

တရုတ်-မြန်မာ ကုန်သွယ်‌ရေးလမ်း‌ကြောင်း၏ အဓိကဂိတ်ဖြစ်သည့် ကျင်စန်းကျော့-ဝမ်တိန်ဂိတ်အား တရုတ်ဘက်မှ ပိတ်ထားသည်မှာ တစ်လ ကျော်ကြာပြီဖြစ်သည်။

"ဒီကိုရောက်နေတာ တလကျော်ပြီ နယ်စပ်ဂိတ်က ပိတ်ထားတော့ ဘာမှလုပ်လို့မရဘူး အုံနာကပဲ စရိတ်ပေးလို့ ကိုယ့်ဘာသာ ချက်စားနေရတယ်။ ပြန်ဆင်းတော့မယ်။ တချို့ကားသမားတွေလဲ ပြန်ဆင်းကုန်ကြပြီ။ ကြက်သွန်နီတွေ ပုပ်ကုန်ပြီး အညှောင့်တွေပါ ထွက်နေတာကြောင့် ဈေးလျော့ ရောင်းရတယ်" ဟု ကားသမားတစ်ဦးမှ ဆိုသည်။

ပြီးခဲ့သည့် သြဂုတ်လ ၇ ရက်နေ့တွင် ကြက်သွန်နီများတင်ထားသည့် ခြောက်ဘီးကားနှစ်စီးမှ ကြက်သွန်နီများအား အလကားဝေပေးခဲ့‌ကြောင်း မူဆယ် ၁၀၅ မိုင် မိုင်းယုကျေးရွာမှ ဒေသခံများမှ ဆိုသည်။

တရုတ်-မြန်မာနယ်စပ်ဂိတ်အား COVID-19 ကာကွယ်ရေးအတွက် ဇူလိုင်လဆန်းမှစ၍ ပိတ်ထားခြင်းဖြစ်ပြီး တရုတ်အစိုးရမှ နှစ်လကြာ ပိတ်ထားမည်ဟု သိရသည်။

ဓာတ်ပုံ - (မီးရှို့ဖျက်ဆီးခြင်း ခံခဲ့ရသည့် ကျေးရွာတစ်ရွာကို တွေ့ရစဉ် / Crd)
August 29, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်းရှိ ရေနံမှော်များ တည်ရှိရာ ဒေသများသို့ ဦးတည်...
ဓာတ်ပုံ - (မန်ကတ်မြို့ သင်တန်းကျောင်း၌ စစ်မှုထမ်းရန် စုဆောင်းခံထားရသူများကို တွေ့ရစဉ် / MOI)
August 28, 2026
ရန်ကုန်နှင့် မန္တလေး မြို့ကြီးများတွင် စစ်မှုထမ်းရန် တပ်သားစုဆောင်းရေးအတွက်...
August 28, 2026
မန္တလေး အိုးဘိုအကျဉ်းထောင်အတွင်း ကျခံနေရသည့် နိုင်ငံရေးအကျဉ်းသားများအပေါ် အောက်ခြေ ထောင်ဝန်...
August 27, 2026
မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုး ဝင်ရောက်နေသည့် စစ်အုပ်စုတပ် စစ်ကြောင်းသည်...