မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၈၆ သန်းအထိ လိုအပ်နေကြောင်း WFP ပြော

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှု တိုက်ဖျက်ရေးအတွက် ကန်ဒေါ်လာ ၈၆ သန်းအထိ လိုအပ်နေကြောင်း WFP ပြော

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသူများအား နောက်ထပ် ၆ လတာ ကူညီထောက်ပံ့ရန်အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၈၆ သန်း လိုအပ်နေကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (WFP) က သြဂုတ်လ ၆ ရက်၊ သောကြာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံတွင် ဆင်းရဲမွဲတေမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ စီးပွားရေးအကျပ်အတည်းနှင့် ကိုဗစ်-၁၉ ကပ်ဘေးဒဏ်များ၏ ရိုက်ခတ်မှုတို့သည် နိုင်ငံကို ဆူနာမီလှိုင်းလုံး ရိုက်ခတ်ခံရသကဲ့သို့ ဖြစ်နေပြီး မြန်မာလူထုသည် ၎င်းတို့ဘဝတွင် အခက်ခဲဆုံးကာလကို ရင်ဆိုင်နေရသည်ဟု WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး စတီဖင်အန်ဒါဆင်က ပြောကြားသည်။

နိုင်ငံတွင်း ငတ်မွတ်ခေါင်းပါးမှုနှင့် ရင်ဆိုင်နေရသူအရေအတွက်သည် ၂၀၂၁ ဖေဖော်ဝါရီလမတိုင်မီက ၂.၈ သန်းခန့် ရှိခဲ့သည်။

ဧပြီလအတွင်း WFP က တွက်ချက်မှုများအရ နောက်ထပ် ခြောက်လအတွင်း ၆.၂ သန်းခန့်အထိ တိုးလာနိုင်ကြောင်း ခန့်မှန်းခဲ့သည်။

မြန်မာနိုင်ငံအတွင်း ငတ်မွတ်ခေါင်းပါးမှုသည် ပိုမိုနက်ရှိုင်းစွာ ကျယ်ပြန့်လာနေကြောင်းလည်း စတီဖင်အန်ဒါဆင်၏ ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြထားသည်။

၂၀၂၁ ခုနှစ်အတွင်း WFP ထံမှ အစားအစာ၊ ငွေကြေးနှင့်၊ အာဟာရထောက်ပံ့မှုများကို မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လက်ခံရရှိခဲ့သူ ၁.၂၅ သန်းရှိပြီး ၎င်းတို့အနက် ၃၆၀၀၀၀ မှာ ရခိုင်၊ ကချင်နှင့် ရှမ်းပြည်နယ်တို့မှ ဖြစ်ကြောင်း WFP ၏ သြဂုတ်လ ၆ ရက်နေ့ သတင်းတွင် ဖော်ပြထားသည်။

ဓာတ်ပုံ - WFP

 
 

 

 

ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...
ဓာတ်ပုံ - CINCDS/ စစ်အုပ်စုတပ်၏ ရေပြင်စစ်ရေးလေ့ကျင့်မှု တစ်ခု
August 25, 2026
ရခိုင်ပြည်မြောက်ပိုင်း၌ ကျန်ရှိနေသေးသည့် စစ်တွေမြို့ကို ကာကွယ်ရန်အတွက် စစ်အုပ်စုတပ်က စစ်အင်အား ၁...