ရခိုင်တွင် COVID တတိယလှိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူ မြင့်တက်နေဆဲဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူပြော

ရခိုင်တွင် COVID တတိယလှိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူ မြင့်တက်နေဆဲဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူပြော

ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးမှု မြင့်တက်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူ အများအပြားမရှိခဲ့သော်လည်း ယခုတတိယလှိုင်းတွင် ပိုးတွေ့ရှိမှုနှင့်သေဆုံးမှုနှုန်းမှာ မြင့်တက်နေဆဲဖြစ်ပြီး ပေါ့ဆစွာမနေထိုင်ရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။

“အခုလက်ရှိအခြေအနေက ပိုးတွေ့ရှိသူတွေလည်းများတယ်။ သေဆုံးမှုတွေလည်းများနေတယ်ဆိုတော့ အရင်လှိုင်းတွေထက် မြင့်တက်နေတယ်။ အစတုန်းကတော့ လူ ၁၀၀ စစ်ရင် ၁၂ လောက်ပဲပိုးတွေ့တယ်။ အခုက လူ ၁၀၀ စစ်ရင် ၅၈ ဦးလောက်ကပိုးတွေ့တယ်။ ကူးစက်မှုရာခိုင်နှုန်းက မြင့်တက်နေဆဲပါ”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာလည်း ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုထက် ယခုတတိယလှိုင်းတွင် သေဆုံးသူ ၆ ဆကျော်မြင့်တက်လာနေပြီး သြဂုတ် ၃ ရက်နေ့ ညနေ့ ၅ နာရီအထိ သေဆုံးသူစုစုပေါင်း ၂၃၉ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။

ယင်းသို့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၅၅) ဦး၊ မောင်တော (၁၂) ဦး၊ သံတွဲ (၂၆) ဦး၊ တောင်ကုတ် (၄၉) ဦး၊ ဘူးသီးတောင် (၂) ဦး၊ ကျောက်တော် (၁၄) ဦး၊ မင်းပြား (၅) ဦး၊ ဂွ (၄) ဦး၊ ကျောက်ဖြူ (၂၀) ဦး၊ ရမ်းဗြဲ (၄) ဦး၊ ပုဏ္ဏားကျွန်း (၄) ဦး၊ ပေါက်တော (၇) ဦး၊ အမ်း (၇) ဦး၊ မြောက်ဦး (၈) ဦး၊ ရသေ့တောင် (၄) ဦးနှင့် မာန်အောင် (၈) ဦးတို့ဖြစ်ကြောင်း သိရသည်။

ယခုကဲ့သို့ သေဆုံးသူဦးရေ များပြားလာနေသည့်အတွက် ပြည်သူများမှာ ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျ လိုက်နာဆောင်ရွက်သင့်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။

ရခိုင်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံရသူ များလာသည့်အတွက် စစ်တွေမြို့အတွင်း Mask မတပ်သူများကို ဇူလိုင် ၁၄ ရက်နေ့မှစပြီး အရေးယူဆောင်ရွက်နေသည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကပြောသည်။

သြဂုတ် ၃ ရက်နေ့အထိ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်းမှာ ၃၀၂၁ ဦးအထိ ရှိလာနေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၃၀၆,၃၅၄) ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ (၂၁၇,၁၄၂) ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၀,၀၆၁) ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရ သိရသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...