ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ Covid-19 ဖြင့်ကွယ်လွန်

ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ Covid-19 ဖြင့်ကွယ်လွန်

ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ ဥက္ကဌ ဦးစိုင်းယီကျန်သည် ယနေ့ နံနက်ပိုင်းက မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဆေးရုံတွင် Covid-19 ကုသမှုခံယူနေရင်း ကွယ်လွန်သွားကြောင်း သိရသည်။

“Covid-19 နဲ့ ဆေးရုံတင်ထားတာ ၇ ရက် ၈ ရက်လောက်ရှိသွားပြီ၊ မနေ့က သူ့ညီမကိုဖုန်းဆက်ပြီး မေးကြည့်လိုက်တော့ အောက်စီဂျင်ကတော့ မတက်တော့ဘူး။ အဲ့လိုဆိုတော့ ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်သွားပြီ ဒီမနက် ၁၂ နာရီကျော်မှာ ဆုံးသွားတယ်” ဟု ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူး ဦးစိုင်းမောင်အေးက ပြောသည်။

စိုင်းယီကျန်သည် အသက် ၆၅ နှစ်ရှိနေပြီဖြစ်ပြီး ၂၀၁၄ ခုနှစ်မှစပြီး သေဆုံးအချိန်ထိ ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုတွင် ဥက္ကဌအဖြစ် တာဝန်ယူခဲ့သည်။

ဦးစိုင်းယီကျန်သည် ၂၀၁၀ ခုနှစ်တွင်လည်း ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ လွတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးသူလည်းဖြစ်ကြောင်း သိရသည်။

၎င်းကွယ်လွန်မှုနှင့်ပတ်သက်ပြီး ကချင်ပြည်နယ် ရှမ်းစာပေနှင့်ယဉ်ကျေးမှုကော်မတီကလည်း ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ထားသည်။

ကချင်ပြည်နယ်တွင် Covid-19 ရောဂါပိုးကူးသည် ဩဂုတ်လ ၂ ရက်နေ့တစ်ရက်အတွင်း ၁၉၁ ဦး တွေ့ရှိခဲ့ထားသည်။

ဓာတ်ပုံ - (ရှမ်းနီအသံ / ပုံဟောင်း)
August 28, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ် အပါအဝင် ပြည်နယ်တွင်း၌ ရက်သတ္တပတ်ကျော်အတွင်း ဆန်ဈေးနှုန်းများ သိသိ...
ဓါတ်ပုံ - (စစ်ရှောင်များ / Crd)
August 28, 2026
ရန်ကုန်မြို့သို့ ရောက်ရှိနေသည့် ဗန်းမော်မြို့ စစ်ဘေးရှောင်များအနက် ထောက်ပံ့ကြေး တစ်ကြိမ်မျှ...
ဓာတ်ပုံ - ရှမ်းနီအသံ
August 27, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် ဘဏ်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသဖြင့် ဌာနဆိုင်ရာ ဝန်ထမ်းများ...
August 26, 2026
ကချင်ပြည်၊ မိုးညှင်းမြို့နယ်အတွင်းရှိ Starlink (စတားလင့်ခ်) ဝိုင်ဖိုင်စက် အသုံးပြုခများကို...