သံတွဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ လူစုလူဝေးမဖြစ်အောင် စနစ်တကျလုပ်ဆောင်ရန်လိုအပ်ဟုဆို

သံတွဲတွင် ကိုဗစ်ကာကွယ်ဆေးထိုးရာ၌ လူစုလူဝေးမဖြစ်အောင် စနစ်တကျလုပ်ဆောင်ရန်လိုအပ်ဟုဆို
သံတွဲမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသည့်မြင်ကွင်း
သံတွဲမြို့တွင် ဇူလိုင်လ ၃၀ ရက်နေ့က ကိုဗစ်ကာကွယ်ဆေးလာရောက်ထိုးနှံသည့်မြင်ကွင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့တွင် ကိုဗစ်ကာကွယ်ဆေးများကို ဇူလိုင် ၃၀ ရက်နေ့မှ စတင်ထိုးနှံပေးလျက်ရှိရာ ယင်းသို့ကာကွယ်ဆေး ထိုးရာ၌ လူစုလူဝေးများဖြစ်ပေါ်စေခဲ့ကြောင်း သံတွဲလူမှုရေးအဖွဲ့အစည်းများထံမှ သိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးရာ၌ လူစုလူဝေးဖြစ်ပေါ်ခဲ့ခြင်းကြောင့် ကိုဗစ်ကူးစက်မှုထပ်တိုးလာမည်ကိုစိုးရိမ်ကြောင်းနှင့် လူစုလူဝေးမဖြစ်စေရန်အတွက် တာဝန်ရှိသူများမှ စနစ်တကျလုပ်ဆောင်ပေးရန်လိုအပ်နေသည်ဟု သံတွဲကိုဗစ်ကာကွယ်ရေးလုပ်ငန်းများတွင် ကူညီပံ့ပိုးနေသည့် ဆရာတော်ဦးတေဇိန္ဒက မိန့်သည်။

"ကိုဗစ်ကာကွယ်ဆေးထိုးတာကို သေချာစနစ်တကျလုပ်ဆောင်ဖို့လိုတယ်။ အခုဟာက လူစုလူဝေးကြီးကလည်း ဖြစ်နေတယ်။ အသက်ကြီးပိုင်းဆိုရင် အသက်ကြီးပိုင်းသီးသန့် ဘယ်အချိန်က ဘယ်အချိန်၊ အသက်ငယ်ပိုင်းအတွက်က ဘဟ်အချိန်က ဘယ်အချိန် သီးသန့်ခွဲပြီးလုပ်ဖို့လိုတယ်။ ဒီတစ်ခေါက်ကိုဗစ်ကာကွယ်ဆေးလာထိုးသူတွေက အရင်ကထက်များတယ်" ဟု ဆရာတော်က မိန့်သည်။

လက်ရှိသံတွဲမြို့အတွက် ကိုဗစ်ကာကွယ်ဆေးအလုံးရေ ၁၄၃၀ လုံး ခွဲတမ်းရရှိထားပြီး သက်ကြီးရွယ်အို၊ ကျန်းမာရေးဝန်ထမ်း၊ပရဟိတသမားများ၊ Volunteer များ၊ ဟိုတယ်ဝန်ထမ်းများ ကို ဦးစားပေးအလိုက် ထိုးပေးသွားမည်ဖြစ်ကြောင်း သံတွဲခရိုင် ဆေးရုံတာဝန်ရှိသူထံမှ သိရသည်။

လက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးပေးခြင်းကို အချိန်အကန့်အသတ်ဖြင့်လုပ်ဆောင်မှုရှိသော်လည်း လူစုလူဝေးမဖြစ်စေရန်အတွက် အုပ်ချုပ်ရေးဌာနပိုင်းမှထုတ်ပြန်ချက်ကို ပြည်သူလူထုမှ စနစ်တကျ လိုက်နာရန်လိုကြောင်း သံတွဲခရိုင်ဆေးရုံအုပ် ဒေါက်တာရဲဝင်းထွန်းက ပြောသည်။

"ကျနော်တို့ကတော့ စနစ်တကျဖြစ်ဖို့ စာရင်းတွေကောက်ပြီး အချိန်သတ်မှတ်ကာ လုပ်ဆောင်ပေးထားတယ်။ ဒါပေမယ့် ကျနော်တို့အနေနဲ့ ဆေးထိုးခြင်းကိုသာလုပ်ဆောင်ပေးနေရတာဆိုတော့ လူစုလူဝေးဖြစ်တာကို အုပ်ချုပ်ရေးပိုင်းကလုပ်ဖို့လိုတယ်။ အုပ်ချုပ်ရေးပိုင်းကထုတ်ပြန်ချက်ကိုလဲ ပြည်သူလူထုက လိုက်နာဖို့လိုအပ်တယ်" ဟု ပြောသည်။

လက်ရှိ ကိုဗစ်ကာကွယ်ဆေးထိုးခြင်းကို သံတွဲမြို့ သီတဂူမျက်စိ အထူးကုဆေးရုံတွင် ထိုးပေးလျက်ရှိနေသည်။

သံတွဲမြို့နယ်တွင် သြဂုတ်လ ၁ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ ၂၄၂ ဦးရှိပြီး ယင်းအထဲမှ သေဆုံးသူ ၂၄ ဦးထိရှိကာ လက်ရှိ ဆေးကုသမှုခံယူနေသူ ၃၈ ဦးရှိကြောင်းသိရသည်။ သံတွဲမြို့နယ်သည် ရခိုင်ပြည်နယ်အတွင်း ကိုဗစ်လူနာသေဆုံးမှု တတိယအများဆုံး မြို့နယ်တစ်ခုလည်းဖြစ်သည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...