ကိုဗစ်စည်းကမ်း မလိုက်နာသူများကို ပေါက်ကွဲသံဖြင့် သတိပေး၍မရက အခြားနည်းလမ်းဖြင့် အရေးယူမည်ဟု AA ပြော

ကိုဗစ်စည်းကမ်း မလိုက်နာသူများကို ပေါက်ကွဲသံဖြင့် သတိပေး၍မရက အခြားနည်းလမ်းဖြင့် အရေးယူမည်ဟု AA ပြော

ရခိုင်တွင် ကိုဗစ်ကာကွယ်ထိန်းချုပ်ရေးအတွက် Stay at Home ထုတ်ပြန်ထားသည်ကို မလိုက်နာဘဲ လူစုလူဝေးများ၊ ဝိုင်းဖွဲ့သောက်စားမှုများတွေ့ရသဖြင့် ပေါက်ကွဲသံဖြင့် သတိပေးမှုပြုလုပ်ခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ၏ ပြောခွင့်ရသူ ဦးခိုင်သုခက ပြောသည်။

စစ်တွေမြို့ပေါ်တွင် နှစ်ရက်ဆက်တိုက် အသံဗုံးပေါက်ကွဲမှုဖြစ်ခဲ့ပြီး ဇူလိုင် ၂၇ ရက်နေ့က မိဇံရပ်ကွက် BXT ဆိပ်ကမ်းအဝင်ဝအနီးနှင့် ဇူလိုင် ၂၈ ရက်နေ့ ည ၉ နာရီခန့်က အဝေးပြေးကားဂိတ်ဝင်းအနီးတွင် အသံဗုံးစုစုပေါင်း ၆ လုံးအထိ ပေါက်ကွဲမှုဖြစ်ခဲ့သည်။

အဆိုပါ အသံဗုံးများပေါက်ကွဲခြင်းမှာ မိမိတို့မှ လုပ်ဆောင်ခြင်းဖြစ်ပြီး ထုတ်ပြန်ထားသည့် ကိုဗစ်စည်းကမ်းချက်များကို မလိုက်နာ၍ သတိပေးခြင်းဖြစ်ကြောင်း အေအေကဆိုသည်။

ထိုသို့ သတိပေးထားသော်လည်း ဆက်လက်၍ စည်းကမ်းလိုက်နာမှုမရှိသူများကို အခြားနည်းလမ်းများဖြင့် အရေးယူဆောင်ရွက်သွားမည်ဟု AA ပြောခွင့်ရသူ ဦးခိုင်သုခက DMG သို့ ပြောသည်။

“အသံနဲ့ သတိပေးတာတွေလုပ်လို့ မလိုက်နာဘူးဆိုလို့ရှိရင်တော့ တစ်ခြားနည်းတွေနဲ့ ကျွန်တော်တို့ အရေးယူသွားဖို့ရှိပါတယ်” ဟု ဆိုသည်။

အခြားနည်းလမ်းဖြင့် အရေးယူမည်ဆိုသည်မှာ မည်ကဲ့သို့သော နည်းလမ်းများဖြစ်သည်ကိုမူ တိတိကျကျပြောဆိုခြင်းတော့ မရှိပေ။

ကျောက်တော်မြို့တွင်လည်း ကိုဗစ်စည်းကမ်းမလိုက်သူ တချို့ကို ULA မှ အသိပေးခြင်းများရှိကြောင်း ကျောက်တော်ဒေသခံ ကိုဇော်ဝင်းကပြောသည်။

“ဒီနေ့ထက်ထိ ကျောက်တော်မှာ ကိုဗစ်စည်းကမ်း မလိုက်နာတဲ့သူတွေရှိနေတယ်။ မနေ့ကဆိုရင် လူတချို့ကို ခေါ်သွားတာတွေရှိတယ်။ ဒီနေ့ဆိုရင်လည်း နည်းနည်းဆုံးမတာတွေရှိတယ်လို့ ကြားရတယ်” ဟု ကိုဇော်ဝင်းက ဆိုသည်။

ရခိုင်ပြည်အတွင်း ကိုဗစ်ရောဂါ ဆက်လက်မပြန့်ပွားရေးအတွက် အပြင်သို့မထွက်ကြဘဲ မိမိတို့အိမ်၌နေထိုင်ကြရန် Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်ကြာသတ်မှတ်ကြောင်း ဇူလိုင်လ ၂၀ ရက်နေ့တွင် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) မှ ထုတ်ပြန်ကြေငြာခဲ့သည်။

ULA|AA မှ ထုတ်ပြန်ချက်များသည် ရခိုင်ပြည်သူများ၏ အကျိုးအတွက်ဖြစ်သဖြင့် တစ်ဦးချင်းစီလိုက်နာရန်လိုအပ်ကြောင်း သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ဥက္ကဋ္ဌ ကိုအမ်းသားကြီးက ပြောသည်။

“မင်းပြားဖက်မှာတော့ ဝါးရင်းတုတ်တွေနဲ့ Mask ဖြန့်ဝေတာတွေကိုလည်း မြင်တွေ့ရတယ်။ ကျောက်တော်ဖက်မှာဆိုရင်လည်း အဲဒီလိုရှိတယ်လို့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တွေ့မြင်ရတယ်။ ဒါက ပြည်သူ့အကျိုးကို လိုလားတာကြောင့် အညံ့စားပြစ်ဒဏ်ပေးတယ်လို့မြင်တယ်” ဟု ကိုအမ်းသားကြီးက ဆိုသည်။

ရခိုင်ပြည်အတွင်း ULA က Stay at Home ထုတ်ပြန်ထားသည်မှာ တစ်ပတ်ကျော်ရှိလာပြီဖြစ်ကာ ထိုကာလအတွင်း စားဝတ်နေရေးခက်ခဲသည့် ပြည်သူလူထုအတွက် ဝိုင်းဝန်းဖြေရှင်းပေးကြရန်လည်း ULA က တိုက်တွန်းထားပါတယ်။

Stay at Home ထုတ်ပြန်ထားသည့် ကာလအတွင်း ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်း၊ သေဆုံးနှုန်းအပေါ်မူတည်ပြီး လိုအပ်ပါက ထပ်မံထုတ်ပြန်သွားမည်ဖြစ်ကြောင်း ULA/ AA က ပြောဆိုထားသည်။

ဇူလိုင်လ ၃၀ ရက်နေ့အထိ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာပေါင်း ၂၇၁၄ ဦးအထိရှိလာပြီး ယင်းအထဲမှ သေဆုံးသူ ၁၇၅ ဦးအထိရှိလာကာ ပိုးတွေ့လူနာနှင့် သေဆုံးသူများမှာ နေ့စဉ်တိုးလျက်ရှိကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...