ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၃ ဆထိမြင့်တက်လာသော်လည်း ကျန်းမာရေးလိုက်နာမှု အားနည်းနေဟုဆို

ရခိုင်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ ၃ ဆထိမြင့်တက်လာသော်လည်း ကျန်းမာရေးလိုက်နာမှု အားနည်းနေဟုဆို
ဇူလိုင်လ ၂၈ ရက်နေ့က စစ်တွေမြို့တွင် ကိုဗစ်ကြောင့် စားဝတ်နေရေးအခက်အခဲရှိသူများကို ထောက်ပံ့နေစဉ်
ဇူလိုင်လ ၂၈ ရက်နေ့က စစ်တွေမြို့တွင် ကိုဗစ်ကြောင့် စားဝတ်နေရေးအခက်အခဲရှိသူများကို ထောက်ပံ့နေစဉ်

ရခိုင်ပြည်နယ်တွင် COVID-19 ရောဂါ ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုအတွင်း သေဆုံးသူဦးရေထက် ယခုကိုဗစ်တတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ သုံးဆထိပိုမိုများပြားလာသော်လည်း ကိုဗစ်စည်းကမ်းနှင့်အညီ ကျန်းမာရေးလိုက်နာမှုများ အားနည်းကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ ပြောသည်။

ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုတွင် ရခိုင်၌ သေဆုံးသူ ၃၇ ဦးရှိခဲ့ပြီး ယခုတတိယလှိုင်းတွင် သေဆုံးသူဦးရေမှာ ဇူလိုင်လ ၂၇ ရက်နေ့ ညနေ့ ၅ နာရီအထိ ၁၂၈ ဦးအထိ ရှိလာနေပြီဖြစ်ကြောင်း ရခိုင်ပြည်နယ်ကျန်းမာရေးဦးစီးဌာန၏ စာရင်းအရ သိရသည်။

ဒေါက်တာစိုးဝင်းပိုင်က "ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ပြည်သူတွေရဲ့ စည်းကမ်းလိုက်နာတာတွေက အားနည်းနေတယ်။ လူစု၊လူဝေးမလုပ်သင့်တဲ့အချိန်မှာ လူစု၊ လူဝေးတွေတွေ့နရတယ်။ ဒီအချိန်မှာ အခြေခံလူတန်းစားတွေ၊ လက်လုပ်လက်စားလူတန်းစားတွေက စားဝတ်နေရေးကျပ်တည်းနေတဲ့အပိုင်းတွေတော့သိတယ်။ ဒါပေမဲ့ ကိုဗစ်မပြန့်ပွားအောင် စည်းကမ်းလိုက်နာစေချင်တယ်” ဟု ပြောသည်။

ရခိုင်ပြည်နယ်မှ မြို့နယ် ၁၇ ခုတွင် ဇူလိုင်လ ၂၇ ရက်အထိ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၃၀) ဦး၊ မြောက်ဦးတွင် (၃) ဦး၊ ကျောက်တော် (၅) ဦး၊ မင်းပြား (၅) ဦး၊ မာန်အောင် (၅) ဦး၊ အမ်း (၂) ဦး၊ ပုဏ္ဏားကျွန်း (၃) ဦး၊ ပေါက်တော (၁) ဦး၊ ကျောက်ဖြူတွင် (၉) ဦး၊ သံတွဲတွင် (၁၄) ဦး၊ တောင်ကုတ်တွင် (၃၉) ဦး၊ ဂွတွင် (၁) ဦး၊ မောင်တောတွင် (၈) ဦးနှင့် ရသေ့တောင်တွင် (၂) ဦးနှင့် ဘူးသီးတောင် (၁) ဦးတို့ဖြစ်ကြောင်း သိရသည်။

ရခိုင်တစ်ပြည်လုံးတွင် ကိုဗစ်ကူးစက်မှုကိုထိန်းချုပ်နိုင်ရေးအတွက် မိမိနေအိမ်တွင်နေထိုင်ကြရန် Stay at Home ကာလကို ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ နှစ်ပတ်ကြာသတ်မှတ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ဇူလိုင် ၂၀ ရက်နေ့က ထုတ်ပြန်ထားသည်။

ယင်းသို့ ULA မှ ထုတ်ပြန်ထားသည့် ကိုဗစ်ကာကွယ်ရေး စည်းကမ်းချက်များကို ရခိုင်ပြည်သူ ၇၅ ရာခိုင်နှုန်းခန့် လိုက်နာမှုရှိသော်လည်း စစ်တွေအပါအဝင် တချို့မြို့များတွင် အရက်ဆိုင်များပုံမှန်ဖွင့်လှစ်ကာ သောက်စားမှုများရှိနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဇူလိုင် ၂၅ ရက်နေ့တွင် ရခိုင်ပြည်သူများသို့ပြောကြားသည့်မိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

ကိုဗစ်ကာလတွင် ရခိုင်ပြည်သူများ ကိုဗစ်စည်းမျည်းစည်းကမ်းများကို သေချာလိုက်နာကြရန်၊ ULA မှ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာကြရန်နှင့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများ အချင်းချင်းနားလည်မှုရှိကြပြီး အပြန်အလှန်စာနာမှုထားကြရန် စသည့် အကြောင်းအရာများကိုလည်း မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...