စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် ရေကြီးမှုကြောင့် သံတွဲဒေသခံများ စားရေးသောက်ရေး အခက်အခဲရှိနေ

စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့သည့် ရေကြီးမှုကြောင့် သံတွဲဒေသခံများ စားရေးသောက်ရေး အခက်အခဲရှိနေ

စိုးရိမ်ရေမှတ် ကျော်လွန်ခဲ့သည့် သံတွဲမြို့နယ်မှ ရေကြီးခဲ့မှုကြောင့် လက်ရှိမှာ ရေပြန်ကျသွားပြီဖြစ်သော်လည်း ရေဘေးသင့်ပြည်သူများအတွက် အရေးပေါ်စားရေးသောက်ရေးအကူညီအညီများ လိုအပ်နေကြောင်း သိရသည်။

ယနေ့ (ဇူလိုင် ၂၈ ရက်) နံနက်ပိုင်းမှစ၍ မြစ်ရေများ ပြန်လည်ကျဆင်းသွားပြီးဖြစ်သော်လည်း နုန်းမြေများ တင်ကျန်ခဲ့သဖြင့် ချက်ပြုတ်စားသောက်ရန် အခက်အခဲရှိကြောင်း သိရသည်။

လက်ရှိ သံတွဲမြို့ပေါ်မှ သိမ်းကုန်းကျောင်းဓမ္မာရုံတွင် လာရောက်ခိုလှုံနေကြသည့် ရေဘေးသင့်ပြည်သူ ၂၀၀ ကျော်အတွက် တာဝန်ယူဖြေရှင်းနေရကြောင်း သိမ်းကုန်းကျောင်းတိုက်ဆရာတော် ဦးတေဇိန္ဒက မိန့်ကြားသည်။

“နုန်းတွေက အိမ်တွေမှာပြည့်နေတော့ ချက်ပြုတ်စားသောက်ဖို့နေရာမရှိဘူး။ စားရေးသောက်ရေးက အရေးကြီးနေတယ်။ အမှတ် ၃၊ ၄ ရပ်ကွက်ကသူတွေအတွက် ဘုန်းဘုန်းကပဲ တာဝန်ယူဖြေရှင်းပေးနေတယ်။ ဘေးပတ်ဝန်းကျင်ကလည်း ထမင်းထုပ်တွေလာလှူဒါတွေရှိတာကို ဝေမျှပေးထားတယ်” ဟု ဦးတေဇန္ဒိက မိန့်သည်။

သံတွဲမြို့တွင် ဇူလိုင် ၂၇ ရက်နေ့မှစ၍ တမြို့နယ်လုံး ရေနစ်မြုပ်ခဲ့ပြီး လျှပ်စစ်ဓာတ်အားကိုလည်း ဖြတ်တောက်ထားခဲ့သဖြင့် တစ်မြို့နယ်လုံး ဆက်သွယ်ရေးအခက်အခဲ ဖြစ်ခဲ့ရသည်။

လက်ရှိတွင် သံတွဲဒေသခံများမှာ ရေနစ်မြုပ်မှုကြောင့် တင်ကျန်ခဲ့သည့် နုန်းမြေများကို မိမိနေအိမ်များတွင် သန့်ရှင်းရေးလုပ်ဆောင်နေကြကြောင်း သံတွဲမြို့ဒေသခံတစ်ဦးဖြစ်သည့် ကိုဇေယျာထွန်းက ပြောသည်။

“မြို့ထဲမှာတော့ အဓိကနုန်းမြေတွေကျန်ခဲ့တယ်။ အိမ်တွေမှာ နုန်းတွက ခြေမျက်စိထိမြုပ်တယ်။ တစ်ချို့နေရာတွေမှာဆိုရင် ဒူးလောက်ထိမြုပ်တယ်။ အဲဒါတွေကိုရှင်းနေကြတယ်။ အခု နေနည်းနည်းပူလာတော့ အဲဒါတွေရှင်းဖို့အခက်အခဲဖြစ်တယ်။ မိုးနည်းနည်းရွာလိုက်ရင်တော့ ပြန်ကျမယ့်ရေအတွက်မပူရဘူးပေါ့။ နုန်းတွေကိုရှင်းဖို့ ရေလိုအပ်တယ်။ အခုရေကားတွေရေခပ်ပြီးတော့မှ နုန်းတွေဆေးကြရတယ်” ဟု ၎င်းကပြောသည်။

သံတွဲမြို့ပေါ်တွင် မြစ်ရေပြန်ကျဆင်းသွားသော်လည်း မြေနိသည့် တချို့ရပ်ကွက်များနှင့် ချောင်းနားလမ်းဘက်များတွင် ရေများကျန်ရှိနေသေးပြီး ရေနစ်မြုပ်မှုကြောင့် ဈေးဆိုင်ပိုင်ရှင်များအတွက် ပစ္စည်းဆုံးမှုများရှိကြောင်း သိရသည်။

လက်ရှိသံတွဲမြို့ပေါ်တွင် မီးသတ်အပါအဝင် ကူညီကယ်ဆယ်ရေးအဖွဲ့များမှ ရပ်ကွက်အလိုက် သန့်ရှင်းရေးများ ဆောင်ရွက်လျက်ရှိပြီး အဓိကဆေးရုံဆေးခန်းများတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှသိရသည်။

ရေနစ်မြုပ်မှုကြုံတွေ့ခဲ့ရသည့် သံတွဲမြို့နယ်တစ်ခုလုံးတွင် လက်ရှိအချိန်အထိ လူထိခိုက်သေဆုံးမှုနှင့် ပစ္စည်းဆုံးရှုံးမှုများအရေအတွက်ကို မသိရှိရသေးပေ။

 
 

 

 

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...