သံတွဲခရိုင်ဆေးရုံအတွင်း ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရ

သံတွဲခရိုင်ဆေးရုံအတွင်း ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရ

ရခိုင်ပြည်နယ်၊ သံတွဲမြို့ရှိ သံတွဲခရိုင်ဆေးရုံတွင် ယနေ့ (ဇူလိုင် ၂၇ ရက်) နံနက်ပိုင်းက ရေဝင်ရောက်မှုကြောင့် လူနာများနှင့် အောက်ဆီဂျင်အိုးများကို ပြောင်းရွှေ့နေရကြောင်း ဆေးရုံဝန်ထမ်းများထံမှ သိရသည်။

"ဆေးရုံမှာ ရေဝင်နေပါတယ်။ ဒီနေ့မနက်မှ ရေဝင်လာတာပါ။ အခု အာက်ဆီဂျင်အိုးတွေ ပြောင်းရွှေ့နေကြတယ်" ဟု တာဝန်ကျဆရာမတစ်ဦးက ပြောသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သံတွဲမြို့နယ်အတွင်း ရေပြည့်ရေလျှံကာ စိုးရိမ်ရေမှတ်ထက်ကျော်လွန်နေပြီး မြို့၏ ၉၀ ရာခိုင်နှုန်းခန့်မှာ ရေကြီးမှုဒဏ်ခံနေကြရကြောင်း သံတွဲဒေသခံများက ဆိုသည်။

လက်ရှိမှာ သံတွဲခရိုင်ဆေးရုံရှိ လူနာများကို ရေမရောက်နိုင်သော အခြားနေရာများသို့ ပြောင်းရွှေ့ကာ ကုသပေးနေရသည်ဟု ကိုဗစ်ကာကွယ်ရေးတွင် လုပ်ကိုင်ဆောင်ရွက်နေသည့် သံတွဲမြို့ လူမှုအဖွဲ့အစည်းမှ ကိုထွန်းသန့်ကျော်က ပြောသည်။

"လက်ရှိကတော့ လူနာကို ဆေးရုံရဲ့ အမြင့်ဆုံးအဆောင်ကိုပို့ပြီး ကုသဖို့လုပ်ထားပါတယ်။ ရေက တိုးလာတာပဲရှိတယ်၊ လျှော့သွားတယ်လို့မရှိဘူး။ ဒီအတိုင်းဆိုရင်တော့ လူနာတွေအတွက်လဲ စိုးရိမ်နေရတယ်" ဟု ၎င်းကပြောသည်။

အဆိုပါဆေးရုံတွင် ကိုဗစ်လူနာများလည်း ဆေးကုသမှုခံယူလျက်ရှိနေပြီး ဇူလိုင် ၂၆ ရက်နေ့စာရင်းအရ သံတွဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၆၈ ဦး ဆေးကုသမှုခံယူလျက်ရှိကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဌာန၏စာရင်းအရ သိရသည်။

ရခိုင်ပြည်နယ်အတွင်းမှ သံတွဲအပါအဝင် တောင်ကုတ်၊ ဂွ၊ ကျောက်ဖြူ စသည့်မြို့နယ်များတွင်လည်း ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

ယင်းသို့ ရေကြီးရေလျှံမှုကြောင့် သံတွဲအပါအဝင် မြို့နယ်အချို့တွင် လျှပ်စစ်မီးများလည်း ပြတ်တောက်လျက်ရှိနေသည်။

 
 

 

 

နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...
April 10, 2026
စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်ပြည်၊ စစ်တွေမြို့တွင် သင်္ကြန်ကာလ နီးကပ်လာမှုနှင့်အတူ...