ကျန်းမာရေးဝန်ထမ်းများ မလိုအပ်ဘဲအင်တာဗျူးခြင်းမပြုလုပ်ရန် ရခိုင်စစ်ကောင်စီ ညွှန်ကြား

ကျန်းမာရေးဝန်ထမ်းများ မလိုအပ်ဘဲအင်တာဗျူးခြင်းမပြုလုပ်ရန် ရခိုင်စစ်ကောင်စီ ညွှန်ကြား

ရခိုင်ပြည်တွင် ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူလူထုကြား အမုန်းတရားများ မဖြစ်ပေါ်စေရေး ကျန်းမာရေးဝန်ထမ်းများအနေဖြင့် မလိုအပ်ဘဲ အင်တာဗျူးခြင်းမလုပ်ကြရန် ရခိုင်စစ်ကောင်စီမှ  ဇူလိုင်လ ၂၂ ရက်နေ့က ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

ယခုအချိန်မှာ တဖက်နှင့်တဖက် အမုန်းပွားနေရမည့် အချိန်မဟုတ်ဘဲ အရေးကြီးသည့် လုပ်ဆောင်မှုများကို လုပ်နေကြရသည့်အချိန်ဖြစ်သည့်အတွက် မလိုအပ်ဘဲ အင်တာဗျူးမလုပ်ရန် ညွှန်ကြားထားခြင်းဖြစ်သော်လည်း လိုအပ်လျှင် တာဝန်ရှိသူများကို မီဒီယာများအနေဖြင့် အင်တာဗျူးနိုင်ကြောင်း ရခိုင်စစ်ကောင်စီအဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

“စာထဲမှာပါတဲ့ အတိုင်းပဲ၊ မလိုအပ်ဘဲ မလုပ်ဖို့ပေါ့၊ လိုအပ်ရင်တော့ လုပ်ရမှာပါ၊ ဟိုတလောတုန်းက အပြန်အလှန်ဖြစ်ကြတယ်မလား၊ တဖက်နဲ့ တဖက် အမုန်းတရားဖြစ်တာပေါ့၊ ခံစားချက်တွေ ရှေ့တန်းတင်ပြီးတော့ အင်တာဗျူးလုပ်ကြတယ်။ တဖက်နဲ့တဖက် အငြင်းပွားပြီးတော့ ဘာလုပ်တယ် ညာလုပ်တယ်ဆိုတော့ အခုက အဲဒါတွေကို လုပ်ရမယ့် အချိန်မဟုတ်ဘူးလေ၊ အခုက အရေးကြီးတဲ့ အလုပ်တွေကို လုပ်ရမယ့်အချိန်ဖြစ်ပါတယ်” ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက လူမှုကွန်ရက်ပေါ်ပျံ့နှံ့လာသည့် သူနာပြုများအပေါ် ခြိမ်းခြောက်မှု ဗီဒီယို၊ ပြစ်တင်ဝေဖန်သည့် ရေးသားမှုများ ပေါ်ထွက်လာပြီးနောက် ဇူလိုင်လ ၂၁ ရက်နေ့က သူနာပြု ၁၀ ဦးကျော် အလုပ်မဆင်းမှုများရှိခဲ့သည်။

ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ရခိုင်စစ်ကောင်စီမှ တာဝန်ရှိသူများ သွားရောက်ညှိနှိုင်းကာ စစ်တွေဆေးရုံမှ သူနာပြုများလုံခြုံရေးနှင့် ပြဿနာများဆက်လက်ဖြစ်ပွားစေရေးအတွက် ရဲဝန်ထမ်း ၁၀ ဦးကို ယင်းနေ့ ညနေပိုင်းတွင်စေလွှတ်ကာ ထားရှိပေးထားကြောင်း ရခိုင်စစ်ကောင်စီထံမှ သိရသည်။

ယင်းအပြင် ရခိုင်ပြည်အတွင်းရှိ မြို့နယ်ပြည်သူ့ဆေးရုံးများတွင်လည်း video ၊ ဓာတ်ပုံရိုက်ကူးမှုများ မပြုလုပ်စေရေးအတွက် သတိပေးစာတမ်းများ အခန်းအတွင်းအပြင်၌ မြင်သာအောင်ကပ်ထားရန်လည်း စစ်ကောင်စီက ညွှန်ကြားထားသည်။

“အရင်ကလည်း ကပ်ထားတယ်၊ ကပ်ထားတာက တခါတခါ ကျနော်တို့ တောင်မမြင်ဘူး၊ မမြင်လို့လည်း လူနာစောင့်တွေက ဟိုရိုက် ဒီရိုက်ဖြစ်တယ်လေ၊ အဲဒါကြောင့်  သိအောင်လို့ ကပ်ပေးပေါ့၊ လူတွေလည်း မြင်ဖို့လိုတယ်” ဟု ဦးလှသိန်းက ပြောသည်။

အထက်ပါ ညွှန်ကြားချက်များသည် ဇူလိုင်လ ၂၂ ရက်နေ့တွင်ပြုလုပ်သည့် ရခိုင်စစ်ကောင်စီဥက္ကဌ၊ အဖွဲ့ဝင်များနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့ ရခိုင်စစ်ကောင်စီ ဥက္ကဌရုံး၌ တွေ့ဆုံအစည်းအဝေးတွင် ဆုံးဖြတ်ခဲ့ကြခြင်းဖြစ်သည်။

ဆက်လက်ပြီး သူနာပြုများကို လူမှုကွန်ရက်စာမျက်နှာများမှ ခြိမ်းခြောက်မှုများရှိသည်ဟု တင်ပြလာ၍ ထိုသူတို့ကို ရှာဖွေဖော်ထုတ်ကာ တည်ဆဲဥပဒေများဖြင့် အရေးယူသွားမည်ဟု သူနာပြုများနှင့် စစ်ကောင်စီတို့တွေ့ဆုံစဉ် ရခိုင်စစ်ကောင်စီဘက်မှ တာဝန်ရှိသူများက ပြောဆိုခဲ့ကြသည်။

ပုံစာ - ဇူလိုင်လ ၂၁ ရက်နေ့က ရခိုင်စစ်ကောင်စီနှင့် စစ်တွေပြည်သူ့ဆေးရုံက သူနာပြုများ တွေ့ဆုံကြစဉ်။ ဓါတ်ပုံ - U San Mrat Shwe

ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...
ဓာတ်ပုံ - (ရခိုင်ပြည်ရှိ မြို့နယ်တစ်ခုတွင် မွေးမြူထားသည့် ဝက်များကို တွေ့ရစဉ် / DMG)
August 26, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်တွင် ဝက်များ ဝမ်းကျရောဂါ အဖြစ်များနေပြီး သေဆုံးသည်အထိ ဖြစ်ပွား...
ဓာတ်ပုံ - DMG (ပုံစာ - ဩဂုတ်လ ၁၁ ရက်နေ့က ကျောက်တော်မြို့နယ်တွင် မူးယစ်ဆေးဝါးနှင့်အတူ ဖမ်းဆီးရ မိထားသည့် လူငယ်များကို ပြန်လည်လွှတ်ပေးစဉ်)
August 25, 2026
ရခိုင်ပြည် နယ်မြေအများစုကို ထိန်းချုပ်ထားသည့် အာရက္ခတပ်တော် (AA) ၏ နိုင်ငံရေးဦးဆောင်အဖွဲ့ ULA...