ကျောက်ဖြူတွင် COVID-19 ရောဂါကူးစက်ခံရသည့် ဒုတိယခရိုင်ရဲမှူးတစ်ဦး သေဆုံး

ကျောက်ဖြူတွင် COVID-19 ရောဂါကူးစက်ခံရသည့် ဒုတိယခရိုင်ရဲမှူးတစ်ဦး သေဆုံး

COVID-19 ရောဂါကူးစက်ခံရပြီး ကျောက်ဖြူ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေရသည့် ကျောက်ဖြူခရိုင် ဒုတိယခရိုင်ရဲမှူးတစ်ဦးသည် ဇူလိုင် ၁၂ ရက် ည ၁၁ နာရီဝန်းကျင်က သေဆုံးသွားခဲ့သည်ဟု ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးက DMG သို့ အတည်ပြုပြောကြားသည်။

"သူက ရဲမှူးပါ၊ ရောဂါအခံကတော့ ဆီးချို၊ သွေးချိုရှိတယ်၊ မနေ့က ည ၁၁ နာရီ ၁၅ မှာ ဆုံးသွားတာပါ" ဟု ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဆွေက ပြောကြားသည်။

ယင်းသို့ သေဆုံးခဲ့သည့်ရဲမှူးမှာ ဆီးချိုရောဂါ၊ သွေးတိုးရောဂါအခံရှိပြီး ဇူလိုင် ၁၁ ရက်နေ့က COVID-19 ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးရာတွင် ရောဂါပိုးတွေ့ရှိခဲ့ရပြီး ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရာမှ ယမန်နေ့ ဇူလိုင် ၁၂ ရက် ညပိုင်းကသေဆုံးသွားခြင်းဖြစ်သည်ဟု ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးခင်မောင်ဆွေ၏ ပြောကြားချက်အရ သိရသည်။

သေဆုံးသွားသည့် ဒုတိယခရိုင်ရဲမှူးနှင့် ထိတွေ့ခဲ့သည့် မိသားစုဝင် ၂ ဦးကို ရောဂါပိုးကူးစက်ခံရခြင်း ရှိ/မရှိ စစ်ဆေးထားပြီး ရုံးရှိ ရဲဝန်ထမ်းများကိုလည်း Home Quarantine အဖြစ် ထားထားသည်ဟု ကျောက်ဖြူမြို့နယ် ရဲတပ်ဖွဲ့မှူးက ဆက်လက်ပြောကြားသည်။

ယမန်နေ့ ဇူလိုင် ၁၂ ရက် တစ်ရက်အတွင်း COVID-19 အတည်ပြုလူနာများထဲမှ ခရိုင်အဆင့်ရှိ လမ်းဦးစီးဌာနမှ အရာရှိတစ်ဦး သေဆုံးခဲ့ရပြီး ယခုကဲ့သို့ ဒုတိယခရိုင်ရဲမှူးတစ်ဦးပါ ထပ်မံသေဆုံးခဲ့ရခြင်းဖြစ်သည်။

ကျောက်ဖြူခရိုင်တွင် COVID-19 ကူးစက်မှုအခြေအနေ၊ သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍လည်း ကျောက်ဖြူမြို့ လေးဝတီကုလရက္ခိတပရဟိတအသင်း ဥက္ကဋ္ဌ ကိုဂျပန်ကြီးက "ကျောက်ဖြူခရိုင် ပြည်သူ့ဆေးရုံကြီးမှာ COVID အတည်ပြုလူနာ ၆၀ ကျော်ရှိနေပြီပေါ့။ အဲဒီထဲက ၁၁ ရက်နေ့မှာ ရောဂါအခံရှိတဲ့ လူနာတစ်ဦး ဆုံးသွားတယ်။ ၁၂ ရက်နေ့ နေ့လည်မှာတော့ ခရိုင်လမ်းဦးစီးမှူးတစ်ဦး ဆုံးသွားတယ်။ သူလည်း အသက်ရှူရခက်တဲ့ ရောဂါအခံရှိတယ်လို့သိရတယ်။ အဲဒီနေ့ညမှာပဲ ရဲဒု-ခရိုင်မှူးတစ်ဦး ထပ်ဆုံးသွားတယ်။ သူလည်း ဆီးချို၊ သွေးတိုးရှိတယ်လို့ သိရတယ်။ အခုဆိုရင် ၂ ရက်အတွင်းမှာ သုံးဦးဆုံးသွားပါပြီ" ဟု ပြောကြားသည်။

ကျောက်ဖြူ ခရိုင်ပြည်သူ့ဆေးရုံကြီးတွင် COVID-19 အတည်ပြုလူနာ ၆၁ ဦးရှိပြီဖြစ်ပြီး ဇူလှိုင် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ ၂ ရက်အတွင်း သေဆုံးသူ ၃ ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...