လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ တရားစွဲခံရသည့် ရခိုင်လူငယ်သုံးဦးကို တရားရုံးမှ ငွေဒဏ်ချမှတ်

လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ တရားစွဲခံရသည့် ရခိုင်လူငယ်သုံးဦးကို တရားရုံးမှ ငွေဒဏ်ချမှတ်

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် လူ့အခွင့်အရေးကမ်ပိန်းခဲ့၍ ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ (က) ဖြင့် တရားစွဲဆိုခံထားရသည့် လူငယ်သုံးဦးကို ယနေ့ (ဇူလိုင်လ ၁၂ ရက်) တွင် စစ်တွေမြို့နယ်တရားရုံးမှ ငွေဒဏ် (၂) သောင်း ချမှတ်လိုက်ကြောင်း သိရသည်။

ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး တရားရုံးကချမှတ်သည့် ငွေဒဏ်နှစ်သောင်း (သို့မဟုတ်) ထောင်ဒဏ် (၁၅) ရက်မှ ငွေဒဏ်ကို ရွေးချယ်ခဲ့ခြင်းဖြစ်သည်ဟု တရားစွဲဆိုခံခဲ့ရသူ ကိုမင်းဘာချေ (ခ) ကိုသန်းလှက ပြောသည်။

“ငွေဒဏ်နှစ်သောင်း ဒါမှမဟုတ် ထောင်ဒဏ် (၁၅) ရက် ကျခံလို့ရတယ်လို့ပြောတယ်။ ကျနော်တို့ကတော့ ငွေဒဏ်ပဲ ကျခံလိုက်တယ်” ဟု ပြောသည်။

လူ့အခွင့်အရေးကမ်ပိန်းပြုလုပ်၍ တရားစွဲဆိုအမိန့်ချခံရသူများမှာ ရခိုင်လူငယ်မျိုးဆက်သစ်ကွန်ရက်မှ ကိုမင်းဘာချေ (ခ) ကိုသန်းလှအပါအဝင် ကိုနိုင်နိုင်ထွန်း၊ မခိုင်မြတ်သူတို့ ဖြစ်ကြသည်။

၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၁၀ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့တွင် ရခိုင်ပြည်နယ်အတွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအား ဆန့်ကျင်ရှုတ်ချကြောင်း စစ်တွေမြို့တွင် ကိုမင်းဘာချေအပါအဝင် လူငယ် ၃၀ ကျော်က ကမ်ပိန်းပြုလုပ်ခဲ့ကြသည်။

ထိုသို့ကမ်ပိန်းပြုလုပ်ရာတွင် စစ်တွေမြို့ BXT ဆိပ်ကမ်းမှ ရှုခင်းသာလမ်းတစ်လျှောက် ဆိုင်းဘုတ်များကိုင်ဆောင်ပြီး သွားရောက်ခဲ့ကြရာ စစ်တွေဟိုတယ်အနီးအရောက်တွင် ကိုမင်းဘာချေအပါအဝင် ၃ ဦးမှာ ရဲတပ်ဖွဲ့၏ဖမ်းဆီးခြင်းကို ခံခဲ့ရသည်။

ယင်းနေ့ ညနေပိုင်းအချိန်တွင် ၎င်းတို့ ၃ ဦးကို အာမခံဖြင့်ပြန်လွှတ်ပေးခဲ့ပြီး ဒီဇင်ဘာလ (၂၁) ရက်နေ့တွင် စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူးက တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...