နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်းအမှုကို စွဲချက်တင်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ဝန်ကြီးချုပ်ဟောင်းအမှုကို စွဲချက်တင်

နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို ဗွီဒီယိုအွန်လိုင်းစနစ် (Video Conferencing) ဖြင့် ယနေ့ ဇူလိုင်လ ၉ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် အမှုနှင့်ပတ်သက်ပြီး ဦးညီပုအား အပြစ် ရှိ/မရှိ မေးမြန်းရာတွင် ၎င်းက အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သော်လည်း အမှုနှင့်ပတ်သက်၍ တရားရုံးမှ ကျုးလွန်ကြောင်း ယူဆသည့်အတွက် စွဲချက်တင်လိုက်ခြင်းဖြစ်သည်ဟု အမှုကို လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်စစ်မင်းက ပြောသည်။

“ဒီနေ့မှာ သူ့ကို ၅၀၅ (ခ) နဲ့ စွဲချက်တင်တယ်။ စွဲချက်တင်တယ်ဆိုတာက အမှုပေါ်ပေါက်ချက်တွေအရ ဦးညီပုကို စွဲဆိုထားတဲ့အမှုမှာ ကျုးလွန်ကြောင်း ယူဆတဲ့အတွက် တရားရုံးက စွဲချက်တင်တယ်။ ဦးညီပုက တရားရုံးမှာ အပြစ်မရှိကြောင်း ပြောဆိုတယ်” ဟု ဦးအောင်စစ်မင်းက ပြောသည်။

အမှုနှင့်ပတ်သက်ပြီး လာမည့် ဇူလိုင်လ ၂၂ ရက်နေ့ကို ရုံးချိန်းထားပြီး ယင်းနေ့တွင် ယခင်စစ်ဆေးခဲ့သည့် တရားလိုပြသက်သေများကို ထပ်မံစစ်ဆေးသွားမည်ဖြစ်ကြောင်း ဦးအောင်စစ်မင်းက ပြောသည်။

ဝန်ကြီးချုပ်ဟောင်း ဦးညီပုကို စစ်တွေမြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သိန်းမှ တရားလိုပြုလုပ်ကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ဖေဖော်ဝါရီလ ၂၂ ရက်နေ့က စစ်တွေမြို့နယ်တရားရုံးတွင် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ဦးညီပုမှာ ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ကြေငြာချက်နှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရခြင်းဖြစ်သည်။

ဦးညီပုအားစွဲဆိုထားသည့် နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) သည် အမြင့်ဆုံးထောင်ဒဏ် ၂ နှစ်အထိ ချမှတ်ခံရနိုင်သည်။

လက်ရှိတွင် ဦးညီပုမှာ တပ်နယ်မြေတစ်ခုတွင် ထိန်းသိမ်းခံထားရပြီး ကျန်းမာရေးအခြေအနေကောင်းမွန်ကြောင်း တွေ့ရသည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...