KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိပြီးနောက် စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများ ပိတ်

KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်-၁၉ အတည်ပြုလူနာတွေ့ရှိပြီးနောက် စာသင်ကျောင်းနှင့် ဘာသာရေးကျောင်းများ ပိတ်

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေတွင် Covid-19 ပိုးတွေ့လူနာ ရှိလာသောကြောင့် ပိုးတွေ့သော မိုင်ဂျာယန်မြို့ရှိ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများတွင် ဝတ်ပြုကိုးကွယ်ခြင်းများကို တစ်ပတ် ပိတ်ထားမည်ဟု KIO Covid-19 ထိန်းချုပ်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ တတိယလှိုင်း ပြင်းထန်လာသည်နှင့်အတူ KIO ထိန်းချုပ်ရာနယ်မြေတွင်လည်း ပိုးတွေ့လူနာများ တွေ့ရှိလာသည့်အတွက် ရောဂါကူးစက်ပြန့်ပွားမူထိန်းချုပ်နိုင်ရန် လူစုလူဝေးဖြစ်စေသော စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများကို ဇူလိုင်လ ၈ ရက်နေ့မှ ၁၄ ရက်နေ့ထိ တစ်ပတ်တိတိ ပိတ်ထားမည်ဖြစ်ကြောင်း ဆိုထားသည်။

KIO ထိန်းချုပ်ရာ လိုင်ဇာမြို့နဲ့ မိုင်ဂျာယန်မြို့များတွင် မတ်လမှ ဇူလိုင်လ ၇ ရက်နေ့ထိ ပိုးတွေ့လူနာပေါင်း ၃၀ ခန့်ရှိလာကြောင်း Covid-19 ထိန်းချုပ်ရေးကော်မတီမှ တာဝန်ရှိသူများထံမှ သိရသည်။

ထို့ပြင် မြို့တွင်း လူစုလူဝေးပြုလုပ်နိုင်သည့် နေရာများကိုလည်း ပိတ်ပင်လိုက်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ပြီးခဲ့သည့် ဇွန်လ ၁၄ ရက်နေ့မှစတင်ကာ KIO ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်လာသူများအား ရောဂါစစ်ဆေးမှု ခံယူစေသည့်အပြင် ကွာရန်တင်း ၁၄ ရက်ထိ တိုးမြင့်နေထိုင်ရန်လည်း ထုတ်ပြန်ခဲ့သည်။

ထို့နောက် ဇူလိုင်လ ၅ ရက်နေ့မှစကာ ဂိတ်အဝင်/အထွက်အားလုံး ပိတ်ပင်လိုက်ပြီးနောက် ဇူလိုင်လ ၈ ရက်နေ့မှစကာ စာသင်ကျောင်းများ၊ ဘာသာရေးကျောင်းများ တစ်ပတ် ထပ်မံပိတ်လိုက်ကြောင်း လိုင်ဇာ Covid-19 ထိန်းချုပ်ရေးကော်မတီမှ ထုတ်ပြန်လိုက်သည်။

ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...
August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...