မြန်မာ့အရေး နိုင်ငံရေးအကျပ်အတည်း ပုံစံမှသည် ဘက်ပေါင်းစုံ လူ့အခွင့်အရေးပျက်သုဉ်းမှုဆီ ဦးတည်နေ

မြန်မာ့အရေး နိုင်ငံရေးအကျပ်အတည်း ပုံစံမှသည် ဘက်ပေါင်းစုံ လူ့အခွင့်အရေးပျက်သုဉ်းမှုဆီ ဦးတည်နေ

မြန်မာ့အရေးသည် ဖေဖော်ဝါရီလ အစောပိုင်းတွင် နိုင်ငံရေးအကျပ်အတည်းပုံစံအဖြစ် ရှိနေခဲ့ရာမှ ယခုအခါ ဘက်ပေါင်းစုံ လူ့အခွင့်အရေး ပျက်သုဉ်းရမှုအဖြစ် အသွင်ပြောင်းလာနေကြောင်း ကုလသမဂ္ဂ၏ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက သတိပေးလိုက်သည်။

ဇူလိုင်လ ၆ ရက်နေ့တွင်ကျင်းပသည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ ၄၇ ကြိမ်မြောက် ဆွေးနွေးပွဲတွင် လူ့အခွင့်အရေး မဟာမင်းကြီး မီရှဲဘက်ရှ်လက်က ပြောကြားလိုက်ခြင်းဖြစ်သည်။

အာဏာသိမ်းယူခဲ့သည့် မြန်မာစစ်တပ်၏ အရပ်သားလူထုအပေါ် ကျယ်ကျယ်ပြန့်ပြန့်ဖြင့် စနစ်တကျ တိုက်ခိုက်မှုများသည် ပိုမိုများပြားလာနေသည်ဟုလည်း မဟာမင်းကြီးက သတိပေးသည်။

“နိုင်ငံတစ်ဝန်း မြင့်တွေ့နေရတဲ့ ထိခိုက်နာကြင်မှုတွေနဲ့ အကြမ်းဖက်မှုတွေဟာ နိုင်ငံရဲ့ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံကျရှုံးမှု ဒါမှမဟုတ် ပိုမိုကျယ်ပြန့်တဲ့ ပြည်တွင်းစစ်ဆီ နိုင်ငံဦးတည်နေတဲ့ စိတ်မချမ်းမြေ့ဖွယ်ရာ အလားအလာတွေ ဖြစ်ပါတယ်” ဟု သူမက ပြောကြားသည်။

ဖေဖော်ဝါရီလနောက်ပိုင်း အဖြစ်အပျက်များသည် လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးရေးတို့အတွက် ကျယ်ပြန့်ပြင်းထန်သည့် အကျိုးသက်ရောက်မှုရှိသည်ဟု သူမကဆိုသည်။

ကုလသမဂ္ဂသည် မြန်မာနိုင်ငံ၌ မွတ်ဆလင်အရေးတွင် မဖြေရှင်းပေးနိုင်ဘဲ အရေးနိမ့်ခဲ့ရပြီးဖြစ်သဖြင့် ထိုကဲ့သို့အဖြစ်အပျက်မျိုး နောက်တစ်ကြိမ် ထပ်မဖြစ်သင့်ကြောင်း မဟာမင်းကြီးက ပြောသည်။

မြန်မာစစ်တပ်အနေဖြင့် လူထုအပေါ် နှိပ်ကွပ်မှုများကို ရပ်တန့်ပြီး ပြည်သူ့သဘောဆန္ဒအတိုင်း ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ဦးတည်လာအောင် နိုင်ငံတကာအသိုင်းအဝိုင်းက တညီတညွတ်တည်းရပ်တည်ပြီး မြန်မာစစ်တပ်ကို ဖိအားပေးကြရန် မဟာမင်းကြီး မီရှဲဘက်ရှ်လက်က တိုက်တွန်းခဲ့သည်။

မြန်မာနိုင်ငံတွင် စစ်တပ်က အရပ်သားအစိုးရကိုဖြုတ်ချကာ အာဏာရယူခဲ့သည့် ဖေဖော်ဝါရီလမှ လက်ရှိအချိန်အထိ သတ်ဖြတ်ခံရသူ စုစုပေါင်း ၉၀၀ နီးပါးရှိကာ ကျေးရွာများအတွင်း မြန်မာစစ်တပ်၏ ဝင်ရောက်စီးနင်းမှုများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသူပေါင်း ၂ သိန်းနီးပါး ရှိနေပြီဖြစ်ကြောင်း ကုလသမဂ္ဂကထုတ်ပြန်သည့် သတင်းတွင် ဖော်ပြထားသည်။

မြန်မာစစ်တပ်က ဖမ်းဆီးချုပ်နှောင်ထားသူ စုစုပေါင်း ၅၀၉၄ ဦးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ၏ ဇူလိုင်လ ၆ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...