ဖားကန့်တွင် အာဏာသိမ်းတပ် စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ

ဖားကန့်တွင် အာဏာသိမ်းတပ် စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရ

ကချင်ပြည်နယ် ဖားကန့် နန့်မော်ကျေးရွာအနီး ဆိုင်းအောင်မှော်တွင် ယနေ့နံနက် အာဏာသိမ်းတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က မိုင်းခွဲတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက် ထိခိုက်မှုများနိုင်ကြောင်း ဒေသခံများပြောဆိုချက်မှ သိရသည်။

ယနေ့နံနက် ၆ နာရီဝန်းကျင် ဆိုင်းအောင်မှော်ရှိ ရွှေခြင်္သေ့ဆီဆိုင်နှင့် ပေ ၂၀၀ အကွာခန့်တွင် တိုက်ခိုက်ခံခဲ့ရခြင်းဖြစ်ပြီး အနီးတဝိုက် ကျောက်စိမ်းကုမ္ပဏီခြံဝန်းများ ပျက်စီးသွားသည်ဟု ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“မိုင်းခွဲခံရတာက တစ်ကြိမ်ထဲဟုတ်တယ်။ နှစ်ဖက် အပြန်အလှန်တိုက်ပွဲဖြစ်တာမျိုးတော့ မရှိဘူး။ စစ်သားတွေတော်တော်လည်း ထိသွားပုံရတယ်” ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်၏ စစ်ကြောင်း မိုင်းခွဲတိုက်ခိုက်ခံရသော်လည်း အခင်းဖြစ်ပွားသည့် နေရာတဝိုက်ရှိ ပြည်သူလူထုများ ထိခိုက်မှု တစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း သူက ဆက်ဆိုသည်။

အဆိုပါ မိုင်းခွဲတိုက်ခိုက်ခံရသည့် စစ်ကြောင်းမှာ တာမခန်ဘက်မှ ဆိုင်းတောင်ဘက်သို့ ဦးတည်ဆင်းလာသည့် စစ်ကြောင်းဖြစ်ပြီး စစ်အင်အား ၄၀ ဝန်းကျင်ခန့် ပါဝင်သည်ဟု တာမခန်ဒေသခံတစ်ဦးထံမှ သိရသည်။

“ကျနော်မြင်လိုက်တာက ၅ နာရီလောက်မှာဟုတ်တယ်။ နန့်မှော်ဘက်ကိုဆင်းသွားတာ။ ဘယ်ကိုဦးတည်ပြီးသွားတယ်လို့ မသိဘူး။ ကျနော်က ဆိုင်းတောင်ဘက်ကို သွားတယ်လို့ဘဲထင်တယ်။ မကြာဘူး။ ၁ နာရီလောက်ဆို တိုက်ခိုက်ခံရတယ်လို့ သိရတယ်” ဟု ပြောဆိုသည်။

ကချင်ပြည်နယ်တွင် ယခုလအတွင်း အာဏာသိမ်းစစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ပြင်းထန်သောတိုက်ပွဲများ မရှိသော်လည်း စစ်ကောင်စီမှ KIA ရှိရာတပ်များသို့ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေသည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...