မောင်တောမြို့၌ ကိုဗစ်ပိုးတွေ့လူနာများလာ၍ အောက်ဆီဂျင်နှင့် အစားအသောက်များ လိုအပ်မှုရှိဟုဆို

မောင်တောမြို့၌ ကိုဗစ်ပိုးတွေ့လူနာများလာ၍ အောက်ဆီဂျင်နှင့် အစားအသောက်များ လိုအပ်မှုရှိဟုဆို
မောင်တောခရိုင်ပြည်သူဆေးရုံကြီး၌ရှိသည့် Oxygen plant အားတွေ့ရစဉ်
မောင်တောခရိုင်ပြည်သူဆေးရုံကြီး၌ရှိသည့် Oxygen plant အားတွေ့ရစဉ်

ရခိုင်ပြည်၊ မောင်တောမြို့၌ ကိုဗစ်ပိုးတွေ့လူနာများလာ၍ အောက်ဆီဂျင်နှင့် အစားအသောက်များ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

"အခက်အခဲတွေကတော့ အောက်ဆီဂျင်လုံလောက်စွာရရှိရေး။ နောက်တစ်ခုက ကိုဗစ်လူနာတွေ စားသောက်ရေးပေါ့နော်။ အရင်လို ထောက်ပံ့မှုအပြည့်အဝမရရှိနိုင်ဘူး။ ကူညီပေးတာတွေတော့ရှိတယ်။ ဒါပေမယ့်မလုံလောက်ဘူး" ဟု မောင်တောခရိုင်ပြည်သူ့ဆေးရုံအုပ် ဒေါက်တာနုကေသီစံက DMG သို့ ပြောသည်။

မောင်တော ခရိုင်ပြည်သူ့ဆေးရုံတွင်ရှိသည့် Oxygen plant မှာ တစ်နေ့လျှင် အောက်စီဂျင်ဆလင်တာအကြီး ၃ လုံးသာထုတ်ယူနိုင်ပြီး လိုအပ်သော အောက်ဆီဂျင်များအား စစ်တွေ့မြို့မှ မှာယူနေရကြောင်း သိရသည်။

"တစ်နေ့မှာအောက်စီဂျင် ၃ လုံးထုတ်နိုင်တာနဲ့ ဘယ်လိုမှမလုံလောက်ပါ။ လုံလောက်မှုရှိအောင် စစ်တွေကမှာယူနေရတယ်။ ကိုဗစ်အရေးပေါ်လူနာတစ်ယောက်အတွက် တစ်ရက်အတွက်လောင်သာအသုံးပြုနိုင်မှာပါ" ဟု ဒေါက်တာနုကေသီစံက ပြောဆိုသည်။

အောက်ဆီဂျင်လုံလောက်မှုရှိရန်မှာ တစ်နေ့လျှင် အောက်ဆီဂျင်ဆလင်တာအကြီး ၁၀ လုံး ထုတ်ယူရရှိနိုင်ပါက လုံလောက်နိုင်ကြောင်း ၎င်းကဆိုသည်။

ထို့အပြင် ကိုဗစ် Positive လူနာများ ဆေးကုသမှုခံယူချိန်တွင် စားသောက်ရေးအတွက် ယခင်က IOM မှ ထောက်ပံ့မှုအပြည့်အဝရှိခဲ့သော်လည်း ယခုအခါထောက်ပံမှု လျော့နည်းသွားသည့်အတွက် လူနာများအားကျွေးမွေးရာ၌ အခက်တွေ့လျှက်ရှိကြောင်း သိရသည်။

မောင်တောမြို့နယ်အတွင်း ဇွန်လအစပိုင်းစတင်ပြီး တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမဝင် ပြန်လည်ဝင်ရောက်လာသူများ၌ ကိုဗစ်ရောဂါပိုးစတင်တွေ့ရှိခဲ့ပြီး ဒေသတွင်းကူးစက်မှုများ ဖြစ်ပွါးလာကာ ဇွန်လ ၄ ရက်နေ့အထိ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၁၆၇ ဦးအထိရှိလာပြီး ၉ ဦးမှာ ဆေးရုံမှဆင်းခွင့်ရရှိခဲ့ပြီး သေဆုံးသူ ၂ ဦးအထိရှိလာနေသည်။

 
 

 

 

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...