Covid-19 ကူးစက်ရောဂါ ပြင်းထန်လာသဖြင့် KIO နယ်မြေ အဝင်ဂိတ်များအားလုံးပိတ်

Covid-19 ကူးစက်ရောဂါ ပြင်းထန်လာသဖြင့် KIO နယ်မြေ အဝင်ဂိတ်များအားလုံးပိတ်

မြန်မာနိုင်ငံအတွင်း နေရာအနှံတွင် Covid-19 တတိယလှိုင်း ပိုမိုပြင်းထန်လာသဖြင့် ကချင်လွတ်လပ်ရေးအဖွဲ့ KIO က ၎င်း၏နယ်မြေသို့ ဝင်ရောက်ခွင့်ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီဖြစ်ကြောင်း သိရသည်။

ယမန်နေ့ ဇူလိုင်လ ၅ ရက်မှစတင်ကာ KIO ထိန်းချုပ်ရာနယ်မြေသို့ ဝင်ရောက်သည့်ဂိတ်များဖြစ်သော မိုင်ဆပ်ပါဂိတ်၊ နားရူဂိတ်၊ ရှားမူကောင်ဂိတ်နဲ့ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် မိုင်ဂျာယန်ဂိတ်များအားလုံးကို ပိတ်လိုက်ပြီဖြစ်ကြောင်း ဇူလိုင် ၄ ရက်နေ့က KIO ကိုဗစ်-၁၉ ကာကွယ်တားဆီးရေး ကော်မတီက ထုတ်ပြန်ထားသည်။

"အချိန်တစ်ခုအထိတော့ မြန်မာပြည်က လူရော၊ ကုန်တွေရော ဝင်ထွက်ခွင့် ပိတ်ထားမှာဖြစ်တဲ့အတွက် စားသောက်ကုန်တွေက တရုတ်ပြည်ကဘဲ ဝင်မယ့်ချိန်ကျတော့ ပြည်သူတွေအတွက် ခက်အခဲတော့ဖြစ်လာနိုင်တယ်။ ဒါပေမယ့် အရမ်းခက်ခဲသွားလောက်အောင်တော့ ကျနော်တို့ လုပ်မှာမဟုတ်ပါဘူး။ ဒီရောဂါ နည်းနည်းသက်သာလာပြီဆိုတာနဲ့ လမ်းကြောင်း ပြန်ဖွင့်ပေးသွားမှာဖြစ်ပါတယ်" ဟု KIO ဗဟိုဌာနချုပ် Covid-19 ကာကွယ်ထိန်းချုပ်ရေးဗဟိုကော်မတီမှ ဗိုလ်မှူးကြီးဟိန်းဝမ်က ပြောသည်။

ယင်းကဲ့သို့ ခရီးသည်အဝင်/အထွက်၊ ကုန်အဝင်/အထွက် ပိတ်ပင်လိုက်ရခြင်းသည် KIO ထိန်းချုပ်နယ်မြေတွင် ကိုဗစ်ကူးစက်ပြန့်ပွားမူ မရှိစေရန် ကြိုတင်ကာကွယ်သည့်အနေဖြင့် လုပ်ဆောင်ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခင်က KIO နယ်မြေသို့ ဝင်ရောက်မည်ဆိုပါက Quarantine ဝင်ရန်မလိုသည့်အပြင် ရောဂါစစ်ဆေးပြီး ပိုးမတွေ့ပါက ချက်ချင်း ဝင်ရောက်ခွင့်ရခဲ့သော်လည်း ကိုဗစ်တတိယလှိုင်း ပိုမိုပြင်းထန်လာသည့်အတွက် ဇွန်လ ၁၄ ရက်နေ့မှစကာ လူတိုင်း ကွာရန်တင်း (၁၄) ရက် ဝင်ရောက်ရန် ထုတ်ပြန်ခဲ့သည်။

သို့သော် ယမန်နေ့ ဇူလိုင်လ ၅ ရက်နေ့မှစကာ KIO ထိန်းချုပ်ရာနယ်မြေသို့ ခရီးသည်နှင့် ကုန်အဝင်/အထွက်ကို ရက်အကန့်အသတ်မရှိ ထုတ်ပြန်ခဲ့သည်။

လက်ရှိ ကချင်ပြည်နယ်အတွင်း မြို့ကြီးများတွင် ကိုဗစ်-၁၉ ကူးစက်သူဦးရေ များလာပြီး အများစုမှာ မိမိနေအိမ်တွင် ကိုယ်ပိုင်အစီစဉ်ဖြင့် ကုသနေကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...
August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...