ပူတာအိုဒေသခံများ၏ တူမီးသေနတ်နှင့် ပိုက်ဆံ စစ်ကောင်စီတပ် ဒုတိယအကြိမ် လုယူ

ပူတာအိုဒေသခံများ၏ တူမီးသေနတ်နှင့် ပိုက်ဆံ စစ်ကောင်စီတပ် ဒုတိယအကြိမ် လုယူ

ပူတာအိုမြို့နယ် လုန်ရှာယာန်ကျေးရွာ (Lung Sha Yang) တွင် ဇူလိုင် ၅ ရက်နေ့ အာဏာသိမ်းစစ်တပ်က အထက်အမိန့်ဟုဆိုကာ ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီး တူမီးသေနတ်နှင့် ငွေသားအချို့ကို သိမ်းယူသွားကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ ၅ ရက် ယနေ့ ၁၁ ဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်သား ၃၀ ကျော်က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခဲ့မှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောသည်။

“ကျမတို့အိမ်မှာလည်း ဝင်စစ်သွားတယ်။ အိမ်ခန်းအထိ တစ်အိမ်လုံးမွေစစ်တယ်။ ဘုရားကျောင်းသွားတဲ့အခါ လွယ်တဲ့အိတ်က ငွေ ၃,၀၀၀ ဘဲထဲ့ထားတာ ယူသွားတယ်။ အိမ်နီးနားချင်းမိသားစုတွေက တူမီးသေနတ် ၂ လက်ပါသွားတယ်တဲ့။ အခုထိ စစ်နေတုန်းဘဲ။ တစ်ရွာလုံး ဝင်စစ်နေတယ်ဆိုတော့ ကျန်တဲ့ရပ်ကွက်တွေမှာ ဘာတွေယူပေးသွားမှန်း မသိသေးဘူး” ဟု ပြောဆိုသည်။

ထို့အပြင် လုန်ရှာယာန်ကျေးရွာ စျေးဆိုင် ၂ ဆိုင်အတွင်းမှ ငွေ ၃၀,၀၀၀ စီ နှိုက်ယူသွားကြောင်း သူကဆက်ဆိုသည်။

ယခုလ ၂ ရက်နေ့ကလည်း လုန်ရှာယာန်အုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်က လုံခြုံရေးခေါင်းစဉ်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ဒေသခံများ၏ တူမီးသေနတ် ၅ လက်ခန့်နှင့် စျေးဆိုင်တစ်ဆိုင်မှ ငွေသား ၅၀,၀၀၀ ခန့် သိမ်းယူသွားကြောင်း သိရသည်။

ပူတာအို-ဆွမ်ပရာဘွမ် လမ်းမပေါ် လုန်ရှာယန်ကျေးရွာအနီးတွင် ပြီးခဲ့သော ဇွန်လက အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...