ပူတာအိုဒေသခံများ၏ တူမီးသေနတ်နှင့် ပိုက်ဆံ စစ်ကောင်စီတပ် ဒုတိယအကြိမ် လုယူ

ပူတာအိုဒေသခံများ၏ တူမီးသေနတ်နှင့် ပိုက်ဆံ စစ်ကောင်စီတပ် ဒုတိယအကြိမ် လုယူ

ပူတာအိုမြို့နယ် လုန်ရှာယာန်ကျေးရွာ (Lung Sha Yang) တွင် ဇူလိုင် ၅ ရက်နေ့ အာဏာသိမ်းစစ်တပ်က အထက်အမိန့်ဟုဆိုကာ ကျေးရွာအတွင်း တစ်အိမ်ဝင်တစ်အိမ်ထွက် ဝင်ရောက်စစ်ဆေးမှုများပြုလုပ်နေပြီး တူမီးသေနတ်နှင့် ငွေသားအချို့ကို သိမ်းယူသွားကြောင်း သတင်းရရှိပါသည်။

ဇူလိုင်လ ၅ ရက် ယနေ့ ၁၁ ဝန်းကျင်အချိန်တွင် စစ်ကောင်စီတပ်သား ၃၀ ကျော်က ကျေးရွာအတွင်း ဝင်ရောက်စစ်ဆေးခဲ့မှုနှင့်ပတ်သက်ပြီး အမည်မဖော်လိုသူ လုန်ရှာယန်ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောသည်။

“ကျမတို့အိမ်မှာလည်း ဝင်စစ်သွားတယ်။ အိမ်ခန်းအထိ တစ်အိမ်လုံးမွေစစ်တယ်။ ဘုရားကျောင်းသွားတဲ့အခါ လွယ်တဲ့အိတ်က ငွေ ၃,၀၀၀ ဘဲထဲ့ထားတာ ယူသွားတယ်။ အိမ်နီးနားချင်းမိသားစုတွေက တူမီးသေနတ် ၂ လက်ပါသွားတယ်တဲ့။ အခုထိ စစ်နေတုန်းဘဲ။ တစ်ရွာလုံး ဝင်စစ်နေတယ်ဆိုတော့ ကျန်တဲ့ရပ်ကွက်တွေမှာ ဘာတွေယူပေးသွားမှန်း မသိသေးဘူး” ဟု ပြောဆိုသည်။

ထို့အပြင် လုန်ရှာယာန်ကျေးရွာ စျေးဆိုင် ၂ ဆိုင်အတွင်းမှ ငွေ ၃၀,၀၀၀ စီ နှိုက်ယူသွားကြောင်း သူကဆက်ဆိုသည်။

ယခုလ ၂ ရက်နေ့ကလည်း လုန်ရှာယာန်အုပ်စု တန်ဂျာကျေးရွာတွင် စစ်ကောင်စီတပ်က လုံခြုံရေးခေါင်းစဉ်ဖြင့် ဝင်ရောက်စစ်ဆေးခဲ့ရာ ဒေသခံများ၏ တူမီးသေနတ် ၅ လက်ခန့်နှင့် စျေးဆိုင်တစ်ဆိုင်မှ ငွေသား ၅၀,၀၀၀ ခန့် သိမ်းယူသွားကြောင်း သိရသည်။

ပူတာအို-ဆွမ်ပရာဘွမ် လမ်းမပေါ် လုန်ရှာယန်ကျေးရွာအနီးတွင် ပြီးခဲ့သော ဇွန်လက အာဏာသိမ်းစစ်ကောင်စီနှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...