ဘုန်းကြီးကျောင်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ဘုန်းကြီးနှင့်ဦးဇင်းများ ကြိုးတုတ်ခြိမ်းခြောက်ခံရ

ဘုန်းကြီးကျောင်းတစ်ခု ဝင်ရောက်စီးနင်းခံရပြီး ဘုန်းကြီးနှင့်ဦးဇင်းများ ကြိုးတုတ်ခြိမ်းခြောက်ခံရ

မိုးညှင်းခရိုင် ဟိုပင်မြို့အနီး သဲဂုဏ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတစ်ခုတွင် တော်လှန်ရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ဟုဆိုကာ အာဏာသိမ်းစစ်တပ်မှ ဇူလိုင် ၄ ရက်ညက ဝင်ရောက်စီးနင်းခဲ့ပြီး ဘုန်းကြီးနှင့်ဦးဇင်းများကို ကြိုးတုတ်ထားကာ ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဇူလိုင် ၄ ရက် ယမန်နေ့ည ၇ နာရီဝန်းကျင်တွင် စစ်ကောင်စီ စစ်ကား၁ စီးနှင့် ဆိုင်ကယ် ၁၀ စီးကျော်ဖြင့် အဆိုပါဘုန်းကြီးကျောင်းကို ဝင်ရောက်စီးနင်းခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး လုံခြုံရေးအရ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“ဘုန်းကြီးကိုတော့ ရိုက်သွားပုံရတယ်။ မျက်နှာတစ်ခုလုံး နီရဲနေတယ်။ ဒါပေမယ့် ဘုန်းကြီးက စိတ်မကောင်းမှာစိုးလို့ မပြောဘူး။ ကျောင်းမှာရှိတဲ့ ဦးဇင်းတွေကို ကြိုးတုတ်ပြီး မလှုပ်နဲ့ဆိုပြီး မောက်ထားခိုင်းတယ်။ ပြီးရင် သတင်းတွေတင်တယ်ဆိုပြီး လက်တောပ့်တောင်းတယ်။ ဘုန်းကြီးက မရှိတော့ဘူး ပျက်သွားပြီလို့ပြောတော့ အတွင်းရှိမှာရှိတဲ့ ဗီရိုတွေကို သေနတ်နဲ့ ပစ်ဖောက်တယ်ခဲ့တယ်” ဟု ပြောဆိုသည်။

ထို့အပြင် သဲဂုဏ်ကျေးရွာရှိ အများပြည်သူပိုင် စာသင်ကျောင်းနှင့် အခြားအဆောက်အဦးများ မီးရှို့ခံရမှုရှိခဲ့လျှင် တာဝန်ခံရမည်ဟု စစ်တပ်က ဘုန်းကြီးကို ခြိမ်းခြောက်ပြောဆိုသွားသည်ဟု သူက ဆက်ဆိုသည်။

ထိုသို့ ဘုန်းကြီးကျောင်းဝင်းအတွင်း စစ်တပ်၏ ဝင်ရောက်စီးနင်းခံရမှုကြောင့် ကျောင်းရှိ ကိုရင်ကလေးများကို လာရောက်ခေါ်ယူသည့် မိဘများကိုလည်း ကြိုးတုတ်ကာ ခြိမ်းခြောက်ခဲ့ကြောင်း ထပ်မံသိရသည်။

သဲဂုဏ်ကျေးရွာတွင် အများစုမှာ တပ်ထောက်ခံသူများဖြစ်ပြီး ဘုန်းကြီးကျောင်း ဝင်ရောက်စီးနင်းခံရမှုမှာလည်း ဒလန်အဖွဲ့၏ သတင်းပေးပို့မှုကြောင့်ဖြစ်သည်ဟု ဒေသခံများပြောဆိုချက်မှ သိရသည်။

 
 

 

 

ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...
August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...