ဆဲဗင်းဇူလိုင်အခမ်းအနားကို ပြည်သူတွေ ပူးပေါင်းကျင်းပပေးဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ တိုက်တွန်း

ဆဲဗင်းဇူလိုင်အခမ်းအနားကို ပြည်သူတွေ ပူးပေါင်းကျင်းပပေးဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ တိုက်တွန်း

၁၉၆၂ ကျောင်းသားအရေးတော်ပုံ အောက်မေ့ဖွယ်ဖြစ်သည့် ၇ ဇူလိုင်အခမ်းအနားကို လာမည့် ဇူလိုင်လ (၇) ရက်နေ့တွင် ပြည်သူများ၊ ကျောင်းသား/သူများကလည်း ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ပူးပေါင်းပါဝင်ပေးဖို့ မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။

ကျောင်းသားနှင့် ပြည်သူတွေ ပါဝင်စေချင်တဲ့အစီအစဉ် (၃) ခုရှိကြောင်း မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌမင်းသံစဉ်ဦးက ယခုလိုပြောပါတယ်။

"ပြည်သူတွေပါဝင်နိုင်တဲ့ အစီအစဉ်ထဲမှာ ကင်ပိန်းသုံးခုပါပါတယ်။ ဖဲကြိုးနက်ကင်ပိန်းရယ်၊ ၁၉၆၂ ရန်ကုန်တက္ကသိုလ်မှာ ဝင်ပစ်တဲ့အချိန် ဖြစ်တဲ့ ညနေ ၄ နာရီကိုရည်ရွယ်ပြီး ကားဟွန်းတီး၊ ဆိုင်ကယ်ဟွန်းတီးပြီး တမိနစ်ခန့်ငြိမ်သက်တဲ့ ကင်ပိန်းပါမယ်။ ည ၈ နာရီမှာ ကိုယ်ရှိနေတဲ့နေရာအရှေ့မှာ ဖယောင်းတိုင်ထွန်းပြီး ဆုတောင်းမယ်" ဟု ပြောပါတယ်။

ဆဲဗင်းဇူလိုင်နေ့မှာ ကျောင်းသားပြည်သူတွေအနေနဲ့ ဖဲကြိုးနက်တွေတပ်ဆင်ကြဖို့၊ ညနေ (၄) နာရီမှာ ကိုယ်ရောက်တဲ့နေရာကနေ ကား၊ ဆိုင်ကယ်ဟွန်းတီးဖို့နဲ့ ည (၈) နာရီမှာ ကိုယ်ရောက်နေတဲ့နေရာ၊ နေအိမ်တွေမှာ ဖယောင်းတိုင်ထွန်းဆုတောင်းကြဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂအနေနဲ့ ဆဲဗင်းဇူလိုင်နေ့မှာ အခမ်းအနားတရပ် ကျင်းပပြုလုပ်မှာဖြစ်ပြီး သမဂ္ဂညီနောင်များနှင့် ကျောင်းသား/သူ၊ ပြည်သူများကိုလည်း တက်ရောက်ပေးရန် ဖိတ်ကြားထားပါတယ်။

 
 

 

 

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...