နမ့်စန်မြို့ ခြေလျင်တပ်ရင်း (၂၄၇) တွင် ကိုဗစ်-၁၉ လူနာ (၁၃) ဦးတွေ့

နမ့်စန်မြို့ ခြေလျင်တပ်ရင်း (၂၄၇) တွင် ကိုဗစ်-၁၉ လူနာ (၁၃) ဦးတွေ့

သျှမ်းပြည်တောင်ပိုင်း၊ နမ့်စန်မြို့အခြေစိုက် စစ်တပ်အမှတ် (၂၄၇) ခြေလျင်တပ်ရင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၃) ဦးရှိနေကြောင်း စုံစမ်းသိရသည်။

“၂၄၇ ခြေလျင်တပ်ထဲမှာ အရာရှိ ၁ ဦးနဲ့ အခြားအဆင့် ၁၀ ဦး ပြီးတော့ သူတို့မိသားစုဝင် ကျောင်းသား ၂ ဦး ကိုဗစ်ပိုးတွေ့တယ်လို့ ကြားမိပါတယ်၊ လားရှိုးဘက် စစ်ဆင်ရေးကနေပြန်လာတဲ့ ဗိုလ်တစ်ယောက်ဆီက ကူးတာလို့လည်း ပြောသံကြားရတယ်” ဟု စစ်တပ်နှင့် နီးစပ်သူတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

တပ်မိသားစုဝင်မှ ကျောင်းသားများထံ ကိုဗစ်-၁၉ ပိုးတွေ့ရှိသော်လည်း စာသင်ကျောင်းပိတ်ခြင်းမရှိသေးဘဲ ဆက်လက်ဖွင့်ထားနေဆဲဖြစ်ကြောင်းလည်း သိရသည်။

“အခုက တပ်တွင်းမှာပဲ ကိုဗစ်က ကူးနေတာမဟုတ်တော့ဘူးလေ၊ ပိုးတွေ့တဲ့ သူတို့သားသမီးတွေတက်နေတဲ့ ကျောင်းကိုလည်း မကူးနိုင်ဘူးလို့ မပြောနိုင်ဘူး၊ ကျောင်းကို ပိတ်စေချင်ပါတယ်၊ ဒါပေမဲ့ အခုထိကျောင်းက ပိတ်မယ်လို့ မကြားမိဘူး၊ ဆက်ဖွင့်ထားတုန်းပဲ” ဟု နမ့်စန်မြို့ ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ ကိုဗစ်ပိုးတွေ့ရှိသူများအားလုံးကို ကွာရန်တင်းထားရှိပြီးဖြစ်နေသော်လည်း နမ့်စန်မြို့၌ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ပျံ့နှံ့မှုသည် များပြားလာသောကြောင့် ဆရာ/ဆရာမများနှင့် ကျောင်းသားမိဘများက ကျောင်းများပိတ်ထားဖို့ ဆန္ဒရှိနေကြကြောင်းလည်း သိရသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...