ကျိုင်းတုံ-မိုင်းဖြတ်ကြား လမ်းပြုပြင်မှုကြောင့် ယာဉ်များသွားလာရခက်ခဲ

ကျိုင်းတုံ-မိုင်းဖြတ်ကြား လမ်းပြုပြင်မှုကြောင့် ယာဉ်များသွားလာရခက်ခဲ

စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား လမ်းမကြီးတလျှောက် လမ်းအခြေအနေ ဆိုးရွားနေမှုနှင့် လမ်းပြုပြင်မှုများကြောင့် ယာဉ်များသွားလာရေး အခက်အခဲများ ကြုံတွေ့နေ ကြကြောင်း စုံစမ်းသိရသည်။

အဆိုပါ ကျိုင်တုံး – မိုင်းဖြတ်ကြား ကားလမ်းမကြီးနှင့် မိုင်းပျဉ်းတောင်တက်လမ်းများသည် မိုးတွင်းကာလအတွင်း လမ်းပျက်စီးမှုများ၊ လမ်းချော်မှုများနှင့် တောင်ပြိုမှုများ ဖြစ်ပေါ်နေသဖြင့် ခရီးသွားလာရန် ခက်ခဲနေကြောင်း တာချီလိတ်မြို့နေ ကုန်ကားသမား ကိုစိုင်းက သျှမ်းသံတော်ဆင့်ကို ပြောသည်။

“မိုးရွာရင်တော့ ကားတွေ သတိထားပြီး မောင်းနေရတာ။ ကုန်တင်ကားကြီးတွေ၊ ၁၂ဘီးကားတွေဆို သွားလာဖို့ပိုခက်တယ်။ မိုးရွာတဲ့အချိန် လမ်းချော်တာတွေကြောင့် ကား ချော်ကုန်တာတွေဖြစ်တယ်။ ခရီးသည် တင်ကားတွေလည်း မှောက်တာတွေရှိပါတယ်။”ဟု ကိုစိုင်းကဆိုသည်။။

လက်ရှိတွင် ကျိုင်းတုံ- မိုင်းဖြတ်ကြား လမ်းမကြီး နှင့် မိုင်းပျဉ်းတောင်တက်လမ်းပိုင်းများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြုပြင်နေသော်လည်း၊မိုးတွင်းကာလ ဖြစ်သည့်အတွက် သွားလာရေး အဆင်မပြေသေးကြောင်း တာချီလိတ်ကားသမားများက ပြောသည်။

“လမ်းတွေက အမြဲ ပြင်ပေးတာပဲ။ ၁၂ဘီး ကားကြီးတွေ အဆက်မပြတ်သွားလာနေကြဆို‌တော့ ပြင်ပြီးတာနဲ့ ပြန်ပျက်ကုန်တာ။ တချို့နေရာတွေကလည်း တပိုင်းတစပဲ ပြင်နိုင်သေးတယ်။အခုလို မိုးတွင်းမှာ လမ်းပြင်တော့ လမ်းအခြေအနေက ပိုဆိုးလာတယ်။ သေချာမပြင်နိုင်သေးတော့ သွားလာရတာ ပိုခက်ခဲနေတယ်” ဟု ၎င်းက ပြောသည်။

ထို့အပြင် လမ်းပျက်စီးမှု၊ လမ်းပြုပြင်မှု နှင့် တောင်ပြိုမှုကြောင့် ခရီးသွားလာချိန် ပိုကြာမြင့်လာပြီး၊ ကားသမားများသည် ကာလိမြို့ နှင့် ကျိုင်းတုံမြို့နယ် ပန်ကြူကျေးရွာနှင့် နောင်ချိုကျေးရွာတို့တွင် ညအိပ်ရပ်နားရကြောင်း သိရသည်။

သျှမ်းပြည် အရှေ့ပိုင်းသို့ သွားလာနေသည့် ကုန်တင်ကားကြီးများနှင့် ၁၂ ဘီးကားကြီးများတွင် ကျောက်မီးသွေး၊ ကုန်စိမ်း၊ ကုန်ခြောက်၊ သံတိုသံစများတင်ဆောင်ထားပြီး ကျိုင်းတုံ၊မိုင်းလား နှင့် တာချီလိတ်မြို့များသို့ သွားလာနေသည့် ယာဉ်များဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့် (မေလ ၁ ရက်)မှ စပြီး စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် မြန်မာ-ထိုင်းနယ်စပ် တာချီလိတ်မြို့ဘက်မှ တင်သွင်းလာသည့် ထိုင်းနိုင်ငံထုတ် ကုန်ပစ္စည်းများကို သံလွင်မြစ်ကူးတံတား တာကော်စစ်ဆေးရေးဂိတ်တွင် စစ်ဆေးဖမ်းဆီးမှု တင်းကြပ်နေကြောင်း သိရသည်။

မုဒိမ်းကျင့်ခံရပြီး ရိုက်နှက်ခံရသည့် မိန်းကလေးငယ် / Crd
September 14, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သီပေါမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် အသက် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး...
ဓာတ်ပုံ - အင်းလေး ဖောင်တော်ဦး ဘုရားပွဲတော်။
September 11, 2026
သျှမ်းပြည်တောင်ပိုင်း၊ ညောင်ရွှေမြို့နယ် အင်းလေးဒေသတွင် လာမည့် အောက်တိုဘာလ၌ ကျင်းပမည့်...
ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ် (၂၈) သင်တန်းဖွင့်ပွဲပုံ။ / (ဓါတ်ပုံ - CINCDS Myanmar)
September 10, 2026
စစ်အုပ်စုတပ်ဖွဲ့ဝင်များသည် ယခုရက်ပိုင်းအတွင်း လူမြင်ကွင်းတွင် ပေါ်တင် ပေါ်တာဆွဲမှုများ...
သိန္နီမြို့နယ်အတွင်း ယမ်းပေါက်ကွဲမှုကြောင့် ပျက်စီးသွားသည့် အဆောက်အအုံ / Crd
September 8, 2026
သျှမ်းပြည်မြောက်ပိုင်း၊ သိန္နီမြို့နယ် မန်မိုင်ကျေးရွာအနီးတွင် စက်တင်ဘာလ ၈ ရက် နံနက်အစောပိုင်းက...