သံတွဲတွင် Stay at Home သတ်မှတ်ထားသည့် မိသားစုအချို့ စားဝတ်နေရေးအခက်တွေ့နေ

သံတွဲတွင် Stay at Home သတ်မှတ်ထားသည့် မိသားစုအချို့ စားဝတ်နေရေးအခက်တွေ့နေ
ဓါတ်ပုံ - စားသောက်ဖွယ်ရာများ ကူညီပံ့ပိုးမှုမြင်ကွင်း
ဓါတ်ပုံ - စားသောက်ဖွယ်ရာများ ကူညီပံ့ပိုးမှုမြင်ကွင်း

သံတွဲမြို့နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာများနှင့် ဆက်စပ်ပြီး stay at home သတ်မှတ်ထားသည့် မိသားစုအချို့ စားဝတ်နေရေး အခက်အခဲရှိနေကြောင်း သိရသည်။

stay at home သတ်မှတ်ထားသူများထဲတွင် လက်လုပ်လက်စား မိသားစုများလည်းပါဝင်ပြီး လက်ရှိမှာ စားသောက်ရေးအတွက် အခက်အခဲဖြစ်နေကြသည်။

၎င်းမိသားစုများကို အကူအညီပေးနေသူများထဲမှ ကိုသက်လွင်ဖြိုးက "သူတို့တွေက တစ်နေ့လုပ်မှ တစ်နေ့စားရတာဆိုတော့ အခု အသွားအလာကန့်သတ်လိုက်တဲ့အခါ အလုပ်လက်မဲ့ဖြစ်သွားပြီး စားဝတ်နေရေးအခက်အခဲတွေ ရှိနေတာပေါ့" ဟု ပြောသည်။

အဆိုပါ အသွားအလာကန့်သတ်ထားသူတွေကို ၁၇ ရက်စောင့်ကြည့်ထားခြင်းဖြစ်ကြောင်း သိရသည်။

သံတွဲမြို့နယ်အတွင်းတွင် အသွားအလာကန့်သတ်ထားသူ အိမ်ခြေ ၅၀ ကျော်အထိရှိပြီး ၎င်းတို့ စားသောက်ရေးအဆင်ပြေစေရန်အတွက် ရပ်ကွက်၊ ကျေးရွာများမှ အလှူကောက်ခံကာ ကူညီပံ့ပိုးပေးလျက်ရှိသော်လည်း ရေရှည်တွင် ယင်းသို့ပံ့ပိုးပေးရန် အခက်အခဲရှိနိုင်သည်ဟု ကိုသက်လွင်ဖြိုးက ဆိုသည်။

ဇူလိုင်လ ၄ ရက်နေ့အထိ သံတွဲမြို့နယ်တွင် ပိုးတွေ့အတည်ပြုလူနာ စုစုပေါင်း ၄၅ ဦးရှိရာ ယင်းအထဲမှ ၅ ဦးမှာ ကျန်းမာရေးကောင်းမွန်လာသဖြင့် ဇူလိုင်လ ၄ ရက်နေ့က ဆေးရုံဆင်းခွင့်ပေးလိုက်ပြီး ယင်းနှင့်ဆက်စပ်ပြီး ကွာရတင်းထားရှိသူ ၂၇ ဦးကိုပါ ကွာရတင်းမှ ထွက်ခွင့်ပြုခဲ့သည်။

ရခိုင်ပြည်နယ်အတွင်းတွင် ဇွန်လ ၄ ရက်နေ့အထိ ကိုဗစ်အတည်ပြုလူနာ သေဆုံးသူ ၃ ဦး ရှိလာသည်။

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...