ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်းရိုးကို ဒုတိယအကြိမ် ရုံးထုတ်

ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်းရိုးကို ဒုတိယအကြိမ် ရုံးထုတ်

ဇူလိုင်လ ၂ ရက်နေ့ ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဒုတိယအကြိမ် ရုံးထုတ်ခဲ့သော်လည်း တရားလိုရောက်မလာသည့်အတွက် အမူစစ်ဆေးခြင်း မပြုလုပ်နိုင်‌ခဲ့ကြောင်း သိရသည်။

"အမှန်တော့ တရားလိုဘက်ကစပြီး စစ်ဆေးရမယ့်နေ့ပေါ့နော်။ ဒါပေမယ့် တရားလိုက ရောက်မလာခဲ့ဘူးလို့ သိရတယ်" ဟု ‌ဖမ်းဆီးခံထားရသည့် သတင်းထောက်နောင်ရိုးနဲ့ နီးစပ်သူများထံမှ သိရသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအား ဖားကန့်လုံးခင်းရဲစခန်းမှူး ဒု-ရဲမှူးကျော်မြင့်နိုင်မှ တရားလိုပြုကာ တရားစွဲဆိုထားခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။

အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး၏ နောက်ထပ် တတိယအကြိမ်ရုံးချိန်းအား ဇူလိုင်လ ၁၆ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

ဇွန်လ ၃၀ ရက်နေ့ တနိုင်ငံလုံးရှိ မတရားဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်ကို စစ်ကောင်စီက လွှတ်ပေးရာ အခြားပြည်နယ်တိုင်းဒေသများတွင် သတင်းထောက် ၁၄ ဦး လွှတ်ပေးခဲ့သော်လည်း ကချင်ပြည်နယ်မှ ဖမ်းဆီးခံထားရသည့် သတင်းထောက်များ တစ်ယောက်မျှ လွှတ်မြောက်လာခြင်း မရှိခဲ့ပေ။

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...