ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်းရိုးကို ဒုတိယအကြိမ် ရုံးထုတ်

ဖားကန့် အလွတ်တန်းသတင်းထောက် ကိုနောင်းရိုးကို ဒုတိယအကြိမ် ရုံးထုတ်

ဇူလိုင်လ ၂ ရက်နေ့ ဖားကန့်အခြေစိုက် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးကို ဒုတိယအကြိမ် ရုံးထုတ်ခဲ့သော်လည်း တရားလိုရောက်မလာသည့်အတွက် အမူစစ်ဆေးခြင်း မပြုလုပ်နိုင်‌ခဲ့ကြောင်း သိရသည်။

"အမှန်တော့ တရားလိုဘက်ကစပြီး စစ်ဆေးရမယ့်နေ့ပေါ့နော်။ ဒါပေမယ့် တရားလိုက ရောက်မလာခဲ့ဘူးလို့ သိရတယ်" ဟု ‌ဖမ်းဆီးခံထားရသည့် သတင်းထောက်နောင်ရိုးနဲ့ နီးစပ်သူများထံမှ သိရသည်။

ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုခံထားရသည့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးအား ဖားကန့်လုံးခင်းရဲစခန်းမှူး ဒု-ရဲမှူးကျော်မြင့်နိုင်မှ တရားလိုပြုကာ တရားစွဲဆိုထားခြင်းဖြစ်ကာ ပြီးခဲ့သည့် ဇွန်လ ၁၈ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့သည်။

အလွတ်တန်းသတင်းထောက် ကိုနောင်ရိုး၏ နောက်ထပ် တတိယအကြိမ်ရုံးချိန်းအား ဇူလိုင်လ ၁၆ ရက်တွင် ထပ်မံချိန်းဆိုထားကြောင်း သိရသည်။

ဇွန်လ ၃၀ ရက်နေ့ တနိုင်ငံလုံးရှိ မတရားဖမ်းဆီးခံထားရသူ ၂၀၀၀ ကျော်ကို စစ်ကောင်စီက လွှတ်ပေးရာ အခြားပြည်နယ်တိုင်းဒေသများတွင် သတင်းထောက် ၁၄ ဦး လွှတ်ပေးခဲ့သော်လည်း ကချင်ပြည်နယ်မှ ဖမ်းဆီးခံထားရသည့် သတင်းထောက်များ တစ်ယောက်မျှ လွှတ်မြောက်လာခြင်း မရှိခဲ့ပေ။

ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...
August 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်တွင် မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဥရုချောင်းရေ မြင့်တက်လာကာ ...