ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲပြန်ဖြစ် ဒေသခံ (၈၀၀) ကျော် ထွက်ပြေးနေရ

ကျောက်မဲမြို့နယ် တိုင်းရင်းသားလက်နက်ကိုင်များ တိုက်ပွဲပြန်ဖြစ် ဒေသခံ (၈၀၀) ကျော် ထွက်ပြေးနေရ

သျှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့နယ် တော့ဆန်ဘက်တွင် တိုင်းရင်းသားလက်နက်ကိုင်အချင်းချင်း တိုက်ပွဲကြောင့် စစ်ရှောင် (၈၀၀) ကျော် စားနပ်ရိက္ခာ အရေးပေါ်လိုအပ်ကြောင်း စုံစမ်းသိရှိရသည်။

ဇူလိုင် (၁) ရက်နေ့မှစတင်ပြီး ကျောက်မဲမြို့နယ် တော့ဆန်ကျေးရွာအုပ်စုအတွင်း RCSS/SSA နှင့် SSPP/SSA ၊ TNLA ပူးပေါင်းတို့တိုက်ပွဲဖြစ်ပွားကာ ဒေသခံများ မိုင်းငေါ့မြို့နယ်ခွဲသို့ ဒေသခံ (၈၀၀) ကျော် ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း သိရသည်။

“ဒီနေ့မနက် ထပ်ပြေးလာတဲ့သူတွေလည်း ရှိသေးတယ်။ စာရင်းက မတိကျသေးဘူး။ လက်ရှိတော့ ဒေသခံတွေကပဲ ကျွေးမွေးထားတယ်။ အစားအသောက်ပိုင်းတွေ အဝတ်အစားတွေ ဆေးဝါးတွေ လိုအပ်တယ်။ တချို့ ဘာမှမရလာဘူး” ဟု အသက် (၄၀) ဝန်းကျင် စစ်ဘေးရှောင်သူများကို ကူညီပေးသည့် အမျိုးသားတစ်ဦးက ပြောသည်။

အဆိုပါ စစ်ရှောင်များသည် မိုင်းငေါ့မြို့နယ်ခွဲရှိ မန်ပင့်ဘုန်းကြီးကျောင်း၊ ကွန်ကောက်ကျေးရွာ၊ ရွာမနမ့်ဆုန် ဘုန်းကြီးကျောင်းနှင့် ဆွေမျိုးအိမ်များတစ်ချို့ စစ်ရှောင်များ လာရောက်ခိုလှုံနေကြကြောင်း စုံစမ်းသိရှိရသည်။

“တိုက်ပွဲဖြစ်လာတာကကြာပြီ။ ဇွန် (၃၀) နဲ့ ဇူလိုင် (၁) ရက်နေ့က တိုက်ပွဲပြင်းထန်လာလို့ ဒေသခံတွေ မနေရဲလို့ ထွက်ပြေးလာကြတာ။ တော့ဆန်နဲ့ မိုင်းငေါ့ထိ လမ်းလျှောက်လာတယ်။ ဆိုင်ကယ်နဲ့ဆိုရင် (၄၅) မိနစ်လောက်ရှိမယ်။ လမ်းလျှောက်ရင် ၂ နာရီကနေ ၃ နာရီထိရှိမယ်” ဟု တော့ဆန်ဒေသခံတစ်ဦးက ပြောသည်။

မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့ဖြစ်သည့် TNLA ၊ SSPP/SSA နှင့် RCSS/SSA တို့သည် တော့ဆန်ကျေးရွာအုပ်စုအတွင်း မကြာခဏ တိုက်ပွဲဖြစ်ပွားခဲ့ပြီး တော့ဆန်ဒေသခံများ (၆) လကျော်ကြာ ယနေ့ချိန်ထိ နေရပ်သို့ မပြန်နိုင်သေးသည့် စစ်ရှောင်များလည်းရှိကြောင်း သိရသည်။

စစ်ဘေးရှောင်များကို ကူညီပေးသည့် ပရဟိတအဖွဲ့များလည်း ယခုနှစ်တွင် ကိုဗစ်-၁၉ ရောဂါနှင့် နိုင်ငံရေးအခြေနေ ရှုပ်ထွေးနေမှုကြောင့် အခက်ခဲဖြစ်နေကြောင်း ကျောက်မဲဒေသခံများက ပြောဆိုကြသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...