တာမခန်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာ

တာမခန်သပိတ်စစ်ကြောင်းမှ ဖမ်းဆီးခံရသူများ အာမခံဖြင့် ပြန်လည်လွတ်မြောက်လာ

ဖားကန့် စစ်အာဏာရှင်ဆန့်ကျင်ရေး တာမခန်သပိတ်စစ်ကြောင်းတွင် ပါဝင်မှုကြောင့် ဇွန်လ ၃၀ ရက်နေ့က ဖမ်းဆီးခံရသောအမျိုးသား ၄ ဦးကို ယနေ့တွင် အာမခံဖြင့် ပြန်လွတ်ပေးလိုက်ကြောင်း သိရသည်။

နောက်နောင် စစ်အာဏာရှင်ဆန့်ကျင်သည့် သပိတ်စစ်ကြောင်းတွင် မပါဝင်တော့ပါကြောင်း အာမခံဖြင့် လက်မှတ်ရေးထိုးခိုင်းကာ ယနေ့နံနက် ၇ နာရီက လွတ်ပေးခဲ့ခြင်းဖြစ်သည်ဟု ပြန်လည်လွတ်မြောက်လာသူများနှင့် နီးစပ်သူ တာမခန်ပြည်သူတစ်ဦးက ယခုလိုပြောသည်။

"ဒီမနက်အစောကြီးမှာ အာမခံနဲ့ ၄ ယောက်စလုံးကို ပြန်လွတ်ပေးခဲ့တယ်။ ဒါပေမယ့် သူတို့ရဲ့ဖုန်းတွေက ပြန်စစ်အုံးမယ်ဆိုပြီး ပြန်မပေးလိုက်ဘူး။ နောက် ဆန္ဒပြပွဲမှာသုံးတဲ့ ပစ္စည်းတွေလည်း ပြန်မပေးဘူး။ အာမခံတဲ့အပိုင်းက နောက်ခါ သပိတ်ထဲမလိုက်ဖို့နဲ့ သပိတ်ပြန်မလုပ်ကြဖို့ ပြောခဲ့တယ်လို့သိရတယ်" ဟု ဆိုသည်။

ဖမ်းဆီးခံရသူ ၄ ဦး၏ ဖုန်းများနှင့် ဆန္ဒပြပွဲတွင်အသုံးပြုသည့် ဘောက်စပီကာနှင့် လော်များကို ပြန်မပေးဘဲ သိမ်းထားကာ ဆက်လက်စစ်ဆေးနေဆဲဖြစ်သည်ဟု သိရသည်။

ကချင်ပြည်နယ်ရှိ ဖားကန့် တာမခန်သပိတ်စစ်ကြောင်းသည် အခြားမြို့များနှင့်မတူဘဲ အားဏာသိမ်းပြီး ၅ လကျော်တိုင်အောင် နေ့စဉ်မပြတ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒဖော်ထုတ်နေသော မြို့တစ်မြို့ဖြစ်သည်။

စစ်တပ်နှင့် ရဲဘက်ကလည်း နေ့စဉ် သေနတ်ပစ်ဖောက်ကာ ဆန္ဒပြပြည်သူများကို လိုက်လံဖမ်းဆီးမှုပြုနေသော်လည်း ပြည်သူများက ပျောက်ကြားသပိတ်၊ နံနက်ခင်းသပိတ်၊ ညသပိတ်နှင့် ဆိုင်ကယ်သပိတ် စသဖြင့် ပုံစံမျိုးစုံဖြင့် ပုံမှန်ပြုလုပ်နေသည်။

ကချင်ပြည်နယ်အတွင်း အခြားဒေသများတွင်မူ စစ်အာဏာရှင်ဆန့်ကျင်ရေး လမ်းပေါ်ထွက်ဆန္ဒဖော်ထုတ်မှုများ မရှိတော့သည်ကို သိရသည်။

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...