သျှမ်းမြောက်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ လူနာ (၄) ဦးသေဆုံး

သျှမ်းမြောက်တွင် တစ်ရက်တည်း ကိုဗစ်-၁၉ လူနာ (၄) ဦးသေဆုံး

သျှမ်းပြည်မြောက်ပိုင်း၌ ယနေ့ ဇူလိုင်လ ၁ ရက်တည်းတွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၄) ဦးသေဆုံးကြောင်း စုံစမ်းသိရှိရသည်။

အဆိုပါသေဆုံးသွားသည့် ပိုးတွေ့လူနာများသည် ကျောက်မဲမြို့မှ (၁) ဦး၊ နောင်ချိုမြို့မှ (၁)ဦး၊ တန့်ယန်းမြို့မှ (၁) ဦးနှင့် နမ့်ခမ်းမြို့မှ (၁) တို့ဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့မှ သေဆုံးသွားသည့်သူသည် သံသရာလူနာဖြစ်ကြောင်း၊ ၎င်းသည် အမှတ် (၁) ရပ်ကွက် နယ်မြေ (၆) တွင် နေထိုင်သူတစ်ဦးဖြစ်ကြောင်း သိရသည်။

ကျောက်မဲမြို့တွင် ယမန့်နေ့ ဇွန် ၃၀ တစ်ရက်ထဲ၌ ကိုဗစ်-၁၉ ပိုးတွေ့နာလူ (၃၀) ဦးတွေ့ရှိခဲ့ပြီး စုစုပေါင်းနာလူ (၅၈) ဦးထိရှိကြောင်း သိရသည်။

နောင်ချိုမြို့ ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဦးအောင်မြင့် (၆၅) နှစ်သည် ယနေ့ မနက်ပိုင်းအချိန်တွင် သေဆုံးခဲ့ပြီး နမ့်ခမ်းမြို့ မြို့နယ်ပြည်သူဆေးရုံတွင် ဆေးကုသမှုခံယူနေသည့်သူလည်း သေဆုံးသွားကြောင်း သိရသည်။

ထို့အပြင် တန့်ယန်းမြို့တွင်လည်း ယနေ့မနက်ပိုင်းအချိန်၌ ကိုဗစ်ပိုးတွေ့ အမျိုးသမီးတစ်ဦး သေဆုံးသွားကြောင်းသိရပြီး သျှမ်းပြည်မြောက်ပိုင်းတွင် တစ်ရက်တည်း ကိုဗစ်လူနာ ၄ ဦး သေဆုံးသွားခြင်းဖြစ်သည်။

သျှမ်းပြည်နယ်အတွင်း ကိုဗစ်ပိုးတွေ့လူနာစုစုပေါင်း (၁၀၀၀) ရှိလာပြီးဖြစ်ကြောင်း သိရသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...