KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်

KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်

မြစ်ကြီးနား ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေ ကဆုန်ကျေးရွာအနီးသို့ ယနေ့ မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၁ နာရီဝန်းကျင်ခန့်တွင် ကဆုန့်ကျေးရွာအနီး ရဟတ်ယာဉ်တစ်စီးဖြင့် တစ်ကြိမ် လာရောက်ဗုံးကျဲခဲ့ကြောင်း ပြည်သူတစ်ဦးက ပြောဆိုသည်။

“တစ်ခါဘဲ လာဗုံးလာကျဲသွားတာ ဟုတ်တယ်။ KIA ဘက်ကလည်း အထိအခိုက်မရှိဘူးလို့ကြားတယ်” ဟု ပြောဆိုသည်။

ယနေ့နံနက် မိုးမလင်းမှီ မရန့်ကျေးရွာအထက်ရှိ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA က လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် တန်ပြန် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

KIA တပ်ရင်း ၁၁ မှ ယနေ့နံနက် ၂၁ မိုင်စုပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦးသေဆုံးသွားပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်ညကလည်း မြစ်ကြီးနား ဝိုင်းမော် မြစ်ကူးတံတားအနီး စုပေါင်းစစ်ဆေးရေဂိတ်ကို KIA က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် လိုင်ဇာအပါအဝင် နေရာအများအပြားကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

Photo: ကဆုန်ကျေးရွာမြင်ကွင်း။ ၂၀၁၇ ခုနှစ်တွင်ရိုက်ကူးထားသည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...