KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်

KIA တပ်ရင်း ၁၁ နယ်မြေကို စစ်ကောင်စီက ဗုံးကျဲတိုက်ခိုက်

မြစ်ကြီးနား ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ရင်း ၁၁ နယ်မြေ ကဆုန်ကျေးရွာအနီးသို့ ယနေ့ မွန်းလွဲပိုင်းတွင် လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယနေ့ ၁ နာရီဝန်းကျင်ခန့်တွင် ကဆုန့်ကျေးရွာအနီး ရဟတ်ယာဉ်တစ်စီးဖြင့် တစ်ကြိမ် လာရောက်ဗုံးကျဲခဲ့ကြောင်း ပြည်သူတစ်ဦးက ပြောဆိုသည်။

“တစ်ခါဘဲ လာဗုံးလာကျဲသွားတာ ဟုတ်တယ်။ KIA ဘက်ကလည်း အထိအခိုက်မရှိဘူးလို့ကြားတယ်” ဟု ပြောဆိုသည်။

ယနေ့နံနက် မိုးမလင်းမှီ မရန့်ကျေးရွာအထက်ရှိ ၂၁ မိုင် စုပေါင်းစစ်ဆေးရေးဂိတ်ကို KIA က လာရောက်တိုက်ခိုက်ခဲ့သည့်အတွက် တန်ပြန် တိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း သုံးသပ်ပြောဆိုနေကြသည်။

KIA တပ်ရင်း ၁၁ မှ ယနေ့နံနက် ၂၁ မိုင်စုပေါင်းဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ရဲတစ်ဦးသေဆုံးသွားပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လ ၂၃ ရက်ညကလည်း မြစ်ကြီးနား ဝိုင်းမော် မြစ်ကူးတံတားအနီး စုပေါင်းစစ်ဆေးရေဂိတ်ကို KIA က လာရောက်တိုက်ခိုက်ခဲ့ပြီးနောက် လိုင်ဇာအပါအဝင် နေရာအများအပြားကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့သည်။

Photo: ကဆုန်ကျေးရွာမြင်ကွင်း။ ၂၀၁၇ ခုနှစ်တွင်ရိုက်ကူးထားသည်။

 
 

 

 

Most read this week

January 28, 2026
စစ်ကိုင်းနဲ့ကချင်အစပ်က မြို့သိမ်းတိုက်ပွဲပြင်းထန်နေတဲ့ ကသာမြို့မှာ...
၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလထဲ KIO ထိန်းချုပ်နယ်မြေ ပန်ဝါဒေသက မြေရှားသတ္တုတူးဖော်တဲ့ လုပ်ကွက်တစ်နေရာ Photo - KNG
January 27, 2026
ဂျာဘောက်ရာ — ကချင်လွတ်လပ်ရေးအဖွဲ့ KIO ထိန်းချုပ်နယ်မြေ ချီဖွေ၊ ပန်ဝါမြို့ရှိ...
January 26, 2026
ဖားကန့်မြို့ မရှီကထောင်ရပ်ကွက်မှာ ဆိုင်ကယ်ကယ်ရီသမားတစ်ဦး သေနတ်နဲ့ပစ်သတ်ခံရပြီး...
January 24, 2026
စစ်ကိုင်းနဲ့ကချင်အစပ်ဒေသတွေမှာ ဇန်နဝါရီလ ၁၇ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ၆ ရက်အတွင်း...