ပူတာအိုတွင် လာဖမ်းသည့်လူငယ်ကို မမိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား

ပူတာအိုတွင် လာဖမ်းသည့်လူငယ်ကို မမိသဖြင့် ယောက်ဖဖြစ်သူကို ဖမ်းဆီးခေါ်ဆောင်သွား

ပူတာအိုမြို့တွင် အာဏာသိမ်းစစ်ကောင်စီတပ်က လူငယ်တစ်ဦးကို သူ၏နေအိမ်တွင် လာရောက်ဖမ်းဆီးချိန် ထိုလူငယ်မရှိသည့်အတွက် သူ၏ယောက်ဖဖြစ်သူကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဇွန်လ ၂၈ ရက် ယနေ့ မွန်းလွဲ ၃ နာရီဝန်းကျင်ခန့်တွင် ပူတာအို မြို့မရပ်ကွက်နေထိုင်သူ ရင်းထန်ထယ်ရမ်ကို ရဲနှင့်စစ်သားများက အိမ်စီးကားအပါ ကား ၆ စီး၊ စစ်အင်အား ၄၀ ဝန်းကျင်ခန့်က လာရောက်ဝန်းရံဖမ်းဆီးခဲ့သည့် ဖြစ်စဉ်နှင့်ပတ်သက်ပြီး မျက်မြင်သက်သေတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“သူတို့လာဖမ်းတဲ့လူငယ်က မရှိတော့ သူ့ယောက်ဖကို ဖမ်းဆီးသွားတယ်။ လူစားအဖြစ်နဲ့ ဖမ်းဆီးသွားတဲ့ပုံစံဟုတ်တယ်။ လာဖမ်းတဲ့သူက ထွက်ပြေးလွတ်သွားတော့ သူ့အိမ်မှာရှိနေတဲ့ သူ့ယောက်ဖဖြစ်သူကို ခေါ်သွားတယ်။ အဲ့ကြောင့် ဖမ်းခံရတဲ့ သူရဲ့မိသားစုဝင်တွေက အရမ်းစိုးရိမ်နေတယ်” ဟု ပြောဆိုသည်။

ကိုရင်းထန်ထယ်ရမ်ကို စစ်ကောင်စီက လာရောက်ဖမ်းဆီးမှုမှာ စစ်ကောင်စီ ဒလန်သတင်းပေးချက်အရဖြစ်သည်ဟု သိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားခံရသူမှာ အသက် ၃၀ ဝန်းကျင် ဦးရင်ထန်ဒီးဖြစ်ပြီး လက်ရှိ ပူတာအိုမြို့နယ်ရဲစခန်းတွင် ထိန်းသိမ်းခံထားကြောင်း သိရသည်။

 
 

 

 

May 8, 2026
စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်ကို လက်ရှိဝင်ရောက်ထားတဲ့စစ်ကြောင်းတွေထဲမှာ...
May 7, 2026
စစ်ကိုင်းတိုင်း မော်လူးမြို့ကိုဝင်ရောက်ထိန်းချုပ်ခဲ့တဲ့ စစ်ကော်မရှင် စစ်ကြောင်းဟာ...
May 6, 2026
မြစ်ကြီးနား လေကြောင်းခရီးစဉ်တွေမှာ လေယာဉ်လက်မှတ်ဈေးနှုန်းတွေ အဆမတန် မြင့်တက်နေတာကြောင့်...
May 5, 2026
အမိုး — စစ်ကိုင်းနဲ့ကချင်အစပ် အင်းတော်မြို့နယ်အတွင်းမှာရှိတဲ့ Star Link Wifi...