မိုင်းကိုင် မြေစာရင်းဦးစီးအရာရှိ သေနတ်ပစ်ခံရ၊ ဒေသခံလုံခြုံရေးစိုးရိမ်နေရ

မိုင်းကိုင် မြေစာရင်းဦးစီးအရာရှိ သေနတ်ပစ်ခံရ၊ ဒေသခံလုံခြုံရေးစိုးရိမ်နေရ

သျှမ်းပြည်တောင်ပိုင်း မိုင်းကိုင်မြို့တွင် မြေစာရင်းဦးစီးအရာရှိတစ်ဦး သေနတ်ပစ်ခံရပြီးနောက် ဒေသခံများ လုံခြုံရေးစိုးရိမ်နေရကြောင်း စုံစမ်းသိရှိရသည်။

ဇွန် (၂၇) ရက် ည (၇) နာရီချိန်တွင် မိုင်းကိုင်မြို့ရှိ မြေစာရင်းရုံးရှေ့တွင် ဆိုင်ကယ်ဖြင့် လူ (၂) ဦး လာရောက်ပစ်ခတ်သွားကာ သေနတ်ဒဏ်ရာ (၄) ချက်မိသွားပြီး၊ လက်ရှိမှာ မိုင်းကိုင်ဆေးရုံတွင် ဆေးကုသခံယူနေကြောင်း သိရသည်။

“၄ ချက်ထိသွားတယ်။ သူက အနေအေးတယ်။ လူမှားပြီးတော့ ပစ်သွားတာလဲဖြစ်နိုင်တယ်။ အခုနောက်ပိုင်းတော့ ကလေးတွေအတွက် လုံခြုံရေး စိုးရိမ်ရတယ်။ ရုံးက ကျောင်းနဲ့နီးတော့ ဘယ်ချိန်ထပ်ဖြစ်မလဲမသိဘူး” ဟု မိုင်းကိုင်ဒေသခံ ကျောင်းသားမိဘတစ်ဦးက သျှမ်းသံတော်ဆင့်ကို ပြောသည်။

အဆိုပါ မြေစာရင်းဦးစီးအရာရှိသည် မိုင်းကိုင်မြို့တွင် (၁) နှစ်ခန့်သာ ရောက်ရှိလာသေးသည့်သူဖြစ်ပြီး၊ မြေစာရင်းရုံးရှေ့တွင် တခြားသူများနှင့် ရပ်ပြီး စကားပြောနေစဉ် သေနတ်ပစ်ခံရကြောင်း သိရသည်။

“သူတို့ရုံးရှေ့မှာ စကားပြောနေတုန်း လူ (၂) ယောက် လာပစ်သွားတယ်။ သူ့ကိုပဲ တမင်လာပစ်ချင်တာထင်တယ်။ ခြေထောက်၊ လက်နဲ့ ရင်ဘတ်ထိသွားတယ်” ဟု မိုင်းကိုင်ဒေသခံတစ်ဦးက ပြောသည်။

မြေစာရင်းရုံးအရာရှိတစ်ဦး ပစ်ခတ်ခံရပြီးနောက် ဒေသခံများ စိုးရိမ်ထိတလန့်မှုရှိနေသည့်အပြင် ဌာနဆိုင်ရာများလည်း ပိုပြီးစိုးရိမ်နေကြကြောင်း စုံစမ်းသိရသည်။

လွန်ခဲ့သည့် ဆယ်စုနှစ်ခန့်က မိုင်းကိုင်မြို့ လ.ဝ.က ဦးစီးအရာရှိတစ်ဦးသည် သေနတ်ဖြင့်ပစ်ခံရပြီး သေဆုံးသွားကြောင်း သိရသည်။

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...