ချောင်းဆုံမြို့နယ် မရမ်းကျေးရွာမှာ ပစ်ခတ်မှုတွေရှိနေပြီး ဒေသခံများ စိုးရိမ်နေကြ

ချောင်းဆုံမြို့နယ် မရမ်းကျေးရွာမှာ ပစ်ခတ်မှုတွေရှိနေပြီး ဒေသခံများ စိုးရိမ်နေကြ

ချောင်းဆုံမြို့နယ်၊ မရမ်းကျေးရွာမှာ ပြီးခဲ့တဲ့ ဇွန်လ ၂၆ ရက်နေ့ည (၈) နာရီဝန်းကျင်က ပစ်ခတ်မှုတွေရှိနေခဲ့ပြီး သေနတ်သံ (၅) ချက်ခန့်ကြားသည့်အတွက် မရမ်းကျေးရွာနဲ့ အနီးကျေးရွာကဒေသခံတွေ စိုးရိမ်နေကြပါတယ်။

လမ်းသွားလမ်းလာ ရှင်းလင်းနေချိန်မှာ ပစ်ခတ်သံတွေကြားရတာဖြစ်ပြီး ကျေးရွာရှိ မိသားစုတွေကတော့ ကြောက်လန့်ငိုယိုနေကြတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

ယခုရက်ပိုင်းအတွင်း ကျေးရွာအတွင်း ပြည်သူ့စစ်တွေ သေနတ်တွေနဲ့ လှည့်လည်နေတာရှိနေပြီး ကြားရတဲ့ပစ်ခတ်သံဟာ ပြည်သူ့စစ်တွေလက်ချက်လို့ ဒေသခံတွေက ယူဆနေကြပါတယ်။

ဘာကြောင့် ပစ်ခတ်ရသလဲဆိုတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။

 
 

 

 

June 15, 2026
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်ကနေ ၂၀၂၆ ခုနှစ်အထိ ၅ နှစ်တာအတွင်း စစ်တပ်က ပြည်သူတွေနဲ့...
June 13, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...
June 12, 2026
မွန်ပြည်နယ် စည်ပင်သာယာရေး ကော်မတီ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီး စစ်အစိုးရခန့် ပြည်နယ်...
June 11, 2026
အတွဲလိုက် ဆောင်းဘောက်တွေ ဖွင့်လှစ်ပြီး ဆူညံသံတွေကြောင့် နိုင်ငံသားများရဲ့ ကျန်းမာရေး...