စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ (၆) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ (၆) ဦးရှိလာ

စစ်အာဏာသိမ်းပြီးနောက် မော်လမြိုင်တွင် ကိုဗစ်ရောဂါကြောင့်သေဆုံးသူ (၆) ဦးအထိရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ သတင်းမြစ်တွေကတဆင့် သိရပါတယ်။

ဇွန်လ (၁၈) ရက်နေ့အထိ (၅) ဦးသေဆုံးခဲ့ပြီး ဇွန်လ (၂၇) ရက်နေ့တွင်မူ မော်လမြိုင်ဆေးရုံကြီးက ကိုဗစ်ရောဂါထိန်းချုပ်ကုသရေးအဆောင်မှာ တက်ရောက်ကုသနေခဲ့သည့် သံဖြူဇရပ်မြို့နယ်မှာ အသက် (၅၂) အရွယ် အမျိုးသမီးလူနာ (၁) ဦး ထပ်မံသေဆုံးခဲ့တာဖြစ်ပါတယ်။

လက်ရှိတွင် သေဆုံးသူကို စောင့်ရှောက်နေသူများနှင့် မိသားစုဝင်တွေကိုလည်း ဆေးရုံမှာ ဆက်လက်စောင့်ကြည့်ကုသနေတယ်လို့ သိရပါတယ်။

မော်လမြိုင်တွင် ကျော်ကြားဆောက်လုပ်ရေးမှလှူဒါန်းထားသော isolation Ward - 3 ကို အရပ်ဘက်ကုသမှုအနေဖြင့် ပြန်လည်ဖွင့်လှစ်ထားပြီး ဒေသခံလူမှုကူညီရေးအဖွဲ့တွေရဲ့ ကူညီမှုနှင့် လုပ်ငန်းပြန်လည်လည်ပတ်နေပါတယ်။

တကျော့ပြန် ပြန်လည်မြင့်တက်လာသော ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ရာနှင့်ချီပြီးရှိလာတယ်လို့ မော်လမြိုင်ဆေးရုံကြီးရဲ့ ကိန်းဂဏန်းအချက်အလက်တွေကနေ သိရပါတယ်။

May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...
May 9, 2026
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စစ်အစိုးရဲ့ မွန်ပြည်နယ် အစိုးရအဖွဲ့က တရားဝင်သဖွယ် ခွင့်ပြုထားတဲ့...
May 8, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသတဝိုက်အခြေပြုတဲ့ လှုပ်ရှားနေတဲ့ KTLA တပ်ဖွဲ့ဝင် ၃၀...