ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ် ဘိန်းဖြူမိ၊ စစ်ကောင်စီမှ ဖုံးကွယ်ရန်ကြိုးစား

ကြံ့ခိုင်ရေးပါတီ လူမှုရေးအသင်းကားပေါ် ဘိန်းဖြူမိ၊ စစ်ကောင်စီမှ ဖုံးကွယ်ရန်ကြိုးစား

သျှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊ ရေယားဂိတ်၌ ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံခိုင်ရေးပါတီ) မှ တည်ထောင်ထားသည့် လူမှုကူညီရေးအသင်းယာဉ်ပေါ်မှ ဘိန်းဖြူများ ဖမ်းဆီးရမိခဲ့ပြီး စစ်ကောင်စီမှသတင်းကို ဖုံးကွယ်ရန် ကြိုးစားနေကြာင်း သိရသည်။

ဇွန် ၂၄ ရက် ညနေပိုင်းတွင် သျှမ်းတောင် နမ့်စန်မြို့နယ်၊ ကြံ့ခိုင်ရေးပါတီမှ တည်ထောင်ထားသည့် တောင်တန်းလူငယ် လူမှုကူညီရေးအသင်း၏ ယာဉ်ပေါ်မှ တစ်ထုပ်လျှင် (၁) ကီလိုပါ ဘိန်းဖြူ (၁၀) ထုပ်ကို ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ ကြံ့ခိုင်ရေးလူမှုရေးအသင်း၏ယာဉ်ပေါ်မှ မူးယစ်ဆေးဝါးဖမ်းဆီးရမည့်သည့် သတင်းကို ဖုံးကွယ်ပေးရန် စစ်ကောင်စီအုပ်စုက ဌာနဆိုင်ရာ ရဲစခန်းကို ညွှန်ကြားထားကြောင်း သတင်းရရှိသည်။

“ယာဉ်မောင်းပဲပါတယ်၊ သူလည်းထွက်ပြေးသွားတယ်၊ ညတွင်းချင်း သတင်းပိတ်ထားတာ ဘယ်သူမှမသိကြဘူး၊ သတင်းဖုံးကွယ်ပေးဖို့ စစ်ကောင်စီက ညွှန်ကြားထားတယ်လို့ကြားတယ်၊ အသင်းဝင်တွေအားလုံးက ကြံ့ခိုင်ရေးပါတီဝင်ပဲ” ဟု နမ့်စန်မြို့ရဲစခန်းနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ဖမ်းဆီးရမိသည့်ယာဉ်ကို ယင်းစစ်ဆေးရေးဂိတ်တွင် သိမ်းဆည်းထားပြီး အမှုဖြစ်စဉ်ကို ကလောရဲစခန်းမှ နမ့်စန်ရဲစခန်းသို့ အကြောင်းကြားချက်အရ သိရခြင်းဖြစ်ကြောင်း နီးစပ်သူများက ပြောသည်။

ယခင်ကလည်း အသင်းပိုင်ယာဉ်ဖြင့် သစ်များကို တရားမဝင်တင်ဆောင်ခဲ့ခြင်းကြောင့် ဒေသခံများက တိုင်ကြားခဲ့ဖူးပြီး သက်ဆိုင်ရာက အမှုပိတ်သိမ်းပေးခဲ့ဖူးကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကို အခွင့်ကောင်းယူပြီး တရားမဝင်မူးယစ်ဆေးထုတ်လုပ်မှုကို တိုးချဲ့နေသည်ဟု ဇွန်လ (၂၆) ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့တွင် ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ပြစ်မှုဆိုင်ရာရုံးက ထုတ်ပြန်ခဲ့သည်။

ထို့ပြင် စစ်အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာသည့် မတည်ငြိမ်မှုမှာလည်း ထိရောက်သည့် ရဲတပ်ဖွဲ့လုပ်ငန်းဆောင်တာနှင့် နယ်စပ်စီမံခန့်ခွဲရေးအခြေအနေကို ပိုမိုဆိုးရွားစေသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားဖော်ပြထားသည်။

 
 

 

 

May 15, 2026
သျှမ်းပြည်အရှေ့ပိုင်း မက်မန်းမြို့နယ်အတွင်းရှိ သံလွင်မြစ်အနီးတွင် အွန်လိုင်းလိမ်လည်လောင်းကစားမှု...
May 14, 2026
မန္တလေး- မြစ်ကြီးနား ဗျူဟာလမ်းပိုင်းတစ်လျှောက်ကို စစ်တပ်က အပြည့်အဝပြန်လည်...
May 14, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံမြို့ နှင့် မိုင်းဖြတ်မြို့ကြား...
May 13, 2026
စိုင်းဆိုင်အိုက် — သျှမ်းပြည်တဝှမ်းရှိ အသက်မပြည့်သေးသည့် လူငယ်များအကြား ဘိန်းစာရွက်ရည်...