မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေ

မြန်မာနှင့် အိမ်နီးချင်းနိုင်ငံများ၏ ကိုဗစ်ကူးစက်မှု နောက်ဆုံးအခြေအနေ

ထိုင်းနိုင်ငံတွင် ယမန်နေ့ (တနင်္ဂနွေ၊ ဇွန် ၂၇) ထုတ်ပြန်ချက်အရ စနေနေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုစုစုပေါင်း ၃၉၉၅ ခုရှိခဲ့ပြီး သေဆုံးသူ ၄၂ ဦးရှိခဲ့သည်။

ကူးစက်မှု ၄၅ ဦးမှာ အကျဉ်းထောင်များအတွင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ဘန်ကောက်တွင် ကူးစက်မှုအမြင့်ဆုံးဖြစ်ပြီး ၁၃၇၀ အထိရှိသည်။

ကူးစက်မှုများ တောက်လျှောက်မြင့်တက်လာနေသဖြင့် မြို့တော်ဘန်ကောက်အပါအဝင် ပတ်ပတ်လည်ရှိ ခရိုင်ငါးခုတွင် တနင်္လာနေ့မှစတင်၍ ရက် ၃၀ ကြာ အသက်ဝင်မည့် ကိုဗစ်ကန့်သတ်ချက် စည်းကမ်းအသစ်များ ချမှတ်ထားသည်။

စည်းကမ်းအသစ်များအရ လူ ၂၀ ထက်ပိုမစုရသလို ကုန်တိုက်များကိုလည်း ညဉ့် ၉ နာရီထက်နောက်မကျဘဲ ပိတ်ရမည်ဖြစ်ကာ စားသောက်ဆိုင်များတွင်လည်း ထိုင်စားခွင့်မရှိပေ။

အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှု ၅၀၀၄၀ ရှိပြီး သေဆုံးသူစုစုပေါင်း ၁၂၅၀ ဦးရှိကြောင်း အာဏာပိုင်များက ယမန်နေ့ (တနင်္ဂနွေ) ထုတ်ပြန်သည်။

အိန္ဒိယတွင် အထူးပျံ့နှံ့နေသည့် ကိုဗစ်မျိုးစိတ် ဒဲလ်တာပလပ်စ် (Delta Plus) သည် ကူးစက်နိုင်စွမ်းပိုမြင့်လာနေပြီး ကျန်းမာရေးဝန်ကြီးဌာနကလည်း ပြည်နယ်များအား ကိုဗစ်စစ်ဆေးမှု တိုးမြှင့်လုပ်ဆောင်ကြရန် တိုက်တွန်းထားသည်။

အိန္ဒိယနိုင်ငံ၏ အချမ်းသာဆုံးပြည်နယ်ဖြစ်သည့် မဟာရသျှတ္တရပြည်နယ်တွင် ဒဲလ်တာမျိုးစိတ်သစ် ကူးစက်မှု ၂၀ ထက်မနည်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက်တွင် ပြည်နယ်အစိုးရက စျေးဝယ်စင်တာများနှင့် ရုပ်ရှင်ရုံများကိုပိတ်ထားရန် ညွှန်ကြားချက်ထုတ်ပြန်ခဲ့သည်။

နိုင်ငံတွင်းကူးစက်မှုသည် သုံးသိန်းကျော် လေးသိန်းအထိ မြင့်တက်ခဲ့ရာမှ ပြီးခဲ့သော သီတင်းပတ်မှစတင်၍ ကူးစက်မှု ကျဆင်းလျက်ရှိသည်။

မဟာရသျှတ္တရအပါအဝင် ပြည်နယ်အများအပြားသည်လည်း ဧပြီလအတွင်း ထုတ်ပြန်ခဲ့သည့် ကိုဗစ်ကန့်သတ်ချက် စည်းကမ်းများအား ဖြည်းဖြည်းချင်း ပြန်လည်ဖြေလျှော့လျက်ရှိသည်။

ဘင်္ဂလားဒေ့ရှ်တွင် စနေနေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကိုဗစ်ကူးစက်မှုအသစ် စုစုပေါင်း ၄ ထောင်ကျော်ရှိပြီး သေဆုံးသူ ၇၇ ဦးရှိခဲ့သည်။

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုဗစ်စည်းကမ်းအသစ်များကို တနင်္လာနေ့မှ စတင်ချမှတ်မည်ဖြစ်ကာ ရုံးဌာနများကို တစ်ပတ်ကြာ ပိတ်ထားမည်ဖြစ်ပြီး ကျန်းမာရေးဆိုင်ရာ သယ်ယူပို့ဆောင်ရေးများကိုသာ ခွင့်ပြုမည်ဖြစ်ကြောင်း စီအန်အေသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

ကိုရိုနာဗိုင်းရပ်စ် စတင်တွေ့ရှိခဲ့ရာ တရုတ်နိုင်ငံတွင် စနေနေ့အရှေ့ပိုင်း ၂၄ နာရီအတွင်း ကူးစက်မှုအသစ် ၂၅ ဦးရှိသည်။

တရုတ်နိုင်ငံတစ်ဝန်းတွင် ဇွန်လ ၁၆ ရက်နေ့အထိ ကိုဗစ်ကာကွယ်ဆေး ၁.၁၆၅ ဘီလျံ ထိုးနှံပေးခဲ့ပြီးဖြစ်ကြောင်း အမျိုးသားကျန်းမာရေးကော်မရှင်က ယမန်နေ့ (တနင်္ဂနွေ) ထုတ်ပြန်သည့် အချက်အလက်များအရ သိရသည်။

မြန်မာနိုင်ငံတွင် ၂၅ ရက်နေ့ ည ၈ နာရီမှ ၂၆ ရက်နေ့ ည ၈ နာရီအထိ ဓာတ်ခွဲနမူနာ ၅၅၅၅ ခု စစ်ဆေးရာတွင် ကိုဗစ်လူနာအသစ် ၇၈၃ ဦး တွေ့ရှိရပြီး သေဆုံးသူ ၈ ဦးရှိကြောင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်သည်။

ကမ္ဘာတစ်ဝန်းတွင် ဇွန်လ ၂၇ ရက် တနင်္ဂနွေနေ့ နေ့လယ်ပိုင်းအထိ ကိုဗစ်ကူးစက်မှုစုစုပေါင်း သန်း ၁၈၀ ကျော်ရှိပြီး သေဆုံးသူစုစုပေါင်း ၃.၉ သန်း ရှိနေပြီဖြစ်သည်။

ဓာတ်ပုံ - AFP

ဓာတ်ပုံ - (မိုခါအလွန် နံ့သာကျွန်းအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လတွင် တွေ့ရစဉ် / DMG)
August 29, 2026
ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ်ရှိ “နံ့သာကျွန်း” အဏ္ဏဝါအမျိုးသားဥယျာဉ်ကို စစ်ရေးပဋိပက္ခများကြောင့်...
August 28, 2026
စစ်အုပ်စုတပ်သည် အာရက္ခတပ်တော် (AA) ထိန်းချုပ်ဒေသများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ...
ဓာတ်ပုံ - (DMG / မိဇံမြစ်ချောင်းအတွင်း ရပ်နားထားသော ငါးဖမ်းဘုတ်များအား ၂၀၂၂ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
ရခိုင်ပြည်၊ စစ်တွေမြို့နယ်၊ နာရီကန်ကျေးရွာသားများ စားဝတ်နေရေးအတွက် နေ့စဉ်နှင့်အမျှ...
ဓာတ်ပုံ - (DMG / တိုက်ပွဲကြောင့် နေရပ်စွန့်ခွာနေကြသည့် ရခိုင်ဒေသခံများအား ၂၀၂၅ ခုနှစ်အတွင်း တွေ့ရစဉ်။)
August 27, 2026
စစ်အုပ်စုတပ်သည် ရခိုင်ပြည်၊ သံတွဲမြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်...