ဂွမြို့နယ် ဒေါင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ

ဂွမြို့နယ် ဒေါင်းချောင်းအုပ်စု အုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရ
ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ဒေါင်းချောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမှာ ဇွန်လ ၂၂ ရက်နေ့က မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း ယင်းအုပ်စု၏ စာရေးထံမှ သိရသည်။



ဇွန်လ ၂၂ ရက်နေ့ ည ၈ နာရီအချိန်က ယင်းသို့ မီးရှို့ခံရခြင်းဖြစ်ပြီး မီးလောင်မှုကြောင့် ပျက်စီးမှုအနည်းငယ်သာရှိခဲ့ကြောင်း ဒေါင်းချောင်းအုပ်စုစာရေး ကိုစိုးဦးက DMG သို့ပြောသည်။



"ည ၈ နာရီလောက်မှာ မီးရှို့ခံရတာပါ။ တမင်ဝင်ပြီး ဓာတ်ဆီလောင်းပြီး မီးရှို့တာ။ ဘယ်သူတွေရှို့တယ်ဆိုတာကိုတော့ မသိဘူး။ အပျက်အစီးကတော့ အများကြီးမရှိဘူး။ ရွာသားတွေဝိုင်းပြီး မီးကိုငြိမ်းလိုက်ကြတော့ ပျဉ်တွေနည်းနည်းဘဲ ပျက်စီးသွားတာရှိတယ်" ဟု ၎င်းကပြောဆိုသည်။



ယင်းမီးရှို့မှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာရဲဌာနနှင့် စစ်တပ်မှလာရောက်ကာ စစ်ဆေးမှုပြုလုပ်ခဲ့သော်လဲ မီးရှို့သူများကို ဖမ်းမမိသေးကြောင်း သိရသည်။



ယခုကဲ့သို့ အစိုးရဝန်ထမ်းများအပေါ် ဦးတည်တိုက်ခိုက်ခြင်းကြောင့် ဝန်ထမ်းများအနေဖြင့် စိုးရိမ်နေရကြောင်း ကိုဦးစိုးကပြောဆိုသည်။



"အခုလို ကျနော်တို့ကို ဦးတည်တိုက်ခိုက်လာခြင်းဟာ ကျနော်တို့ ဝန်ထမ်းတွေအတွက် စိုးရိမ်စရာဖြစ်လာတယ်။ ဘယ်အဖွဲ့လုပ်တယ်လို့တော့ မစွပ်စွဲချင်ဘူး။ ဒါပေမဲ့ ဒီလိုလုပ်တဲ့တရားခံတွေကို အမြန်ဖမ်းဆီးဖို့ လိုအပ်တယ်။ ကျနော်တို့အတွက်ကိုလဲ လုံခြုံရေးပေးစေချင်တယ်" ဟု ၎င်းကဆိုသည်။



ဝန်ထမ်းများ လုံခြုံရေးစိုးရိမ်နေရသည့်အပေါ် ဂွမြို့နယ် စခန်းမှူးအနေဖြင့် မည်သို့ဆောင်ရွက်ရန် စီစဉ်ထားသည်ကိုမေးမြန်းရန် ဂွမြို့နယ်စခန်းမှူးထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ်၍ မရရှိခဲ့ပေ။



အုပ်စုအုပ်ချုပ်ရေးမှူးရုံး မီးရှို့ခံရသော ဒေါင်းချောင်းကျေးရွာနှင့် ဂွမြို့နယ်မှာ ၇ မိုင်ခန့် ကွာဝေးသည်။
 
 

 

 

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...