အရပ်သားကားဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA တိုက်ခိုက်

အရပ်သားကားဖြင့်တက်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KIA တိုက်ခိုက်

ဖားကန့်မြို့နယ် ဆယ်ဇင်းမှ တာမခန်သို့ အရပ်သားကား ၄ စီးဖြင့်တက်လာသော စစ်ကောင်စီ၏ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ပြီး ကားတစ်စီး မီးရှို့ဖျက်စီးခံလိုက်ရကြောင်း သတင်းရရှိသည်။

ဇွန်လ ၂၁ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီဝန်းကျင်ခန့်တွင် ဆယ်ဇင်းဘက်မှ စစ်အင်အား ၃၀ ခန့်ပါသော ကား ၄ စီးသည် တာမခန်မရောက်မှီ ကျောက်ဘုံကျေးရွာအဝင်တွင် တိုက်ခိုက်ခံခဲ့ရကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ပြောဆိုခဲ့သည်။

“KIA က ကြိုတင်သတင်းအတိအကျရထားလို့ စောင့်ပြီးဝင်ပစ်တယ်လို့သိရတယ်။ သူတို့စီးတဲ့ကားတွေက စစ်ကားတွေမဟုတ်ဘူး။ ပြည်သူစီးကားတွေဘဲ။ ရှေ့တန်းက ကား ၂ စီး အရင်ပစ်ခံရတယ်။ ကားတစ်စီးက ပြန်ယူလို့မရအောင် မီးရှို့ဖျက်စီးလိုက်တယ်။ အဲ့မှာ စစ်သား ၈ ယောက်က ပွဲချင်းပြီးသေဆုံးသွားတယ်။ နောက် ၃ ယောက်က ထိခိုက်ဒဏ်ရာရသွားတယ်လို့ သိရတယ်” ဟု ပြောဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့် ထိုနေရာတွင် လက်နက်လက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်မှု ၄၅ မိနစ်ခန့်ဖြစ်ပွားခဲ့ပြီးနောက် KIA ဘက်မှ လက်နက် တစ်ချို့ကို သိမ်းပိုက်နိုင်ခဲ့ကြောင်း သူကဆက်ဆိုသည်။

အာဏာသိမ်းစစ်တပ်ဘက်မှ တပ်မ ၃၃၊ ခလရ (၄၂) ဖြစ်ပြီး ကချင်လွတ်လပ်ရေးတပ်မတော် KIA ဘက် တပ်မဟာ ၉ အောက် တပ်ရင်း ၂၆ ဖြစ်ကြောင်း သိရသည်။

 
 

 

 

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...