ဘာသာရေးနှင့် ပြည်သူပိုင်နေရာများတွင် တပ်စွဲထားမှု ဒေသခံများ မလိုလား

ဘာသာရေးနှင့် ပြည်သူပိုင်နေရာများတွင် တပ်စွဲထားမှု ဒေသခံများ မလိုလား

ဒေါ့ဖုန်းယန်မြို့တွင်း ဘာသာရေးအဆောက်အဦးနှင့် ဆေးရုံ၊ အစိုးရရုံးတို့တွင် အာဏာသိမ်းစစ်ကောင်စီက တပ်စွဲထားခြင်းကို အလိုမရှိကြောင်း ဒေသခံများ ပြောသည်။

ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းကစတင်ပြီး စစ်အင်အား ၂၀၀ ခန့်သည် မြို့တွင်းဘုန်းကြီးကျောင်း၊ ဆေးရုံ၊ စည်ပင်ရုံးတို့တွင် တပ်စွဲထားသောကြောင့် နောက်ဆက်တွဲပြဿနာများအတွက် အလွန်စိုးရိမ်ကြောင်း အမည်မဖော်လိုသူ ဒေသခံတစ်ဦးက KNG သတင်းဌာနကို ယခုလိုပြောဆိုခဲ့သည်။

“၆ နေရာလောက်မှာရှိနေကြတယ်။ ပြည်သူပိုင်နေရာတွေမှာ တပ်စွဲထားတော့ ကျနော်တို့ပြည်သူတွေက ကြောက်တာပေါ့။ တစ်ချို့ဆို အပြင်တောင်မထွက်ရဲကြဘူး။ ဘာရည်ရွယ်ချက်နဲ့ လာနေမှန်းကိုမသိဘူး။ တစ်ချို့က ရပ်ကွက်အတွင်း မသင်္ကာမှုနဲ့ခြိမ်းခြောက်ပြီး ဝင်ရောက်စစ်ဆေးမှာကို စိုးရိမ်နေကြတယ်။ အခုလို ပြည်သူတွေရှိတဲ့နေရာမှာ တပ်စွဲထားတော့ အချိန်မရွေး ဘာမဆိုဖြစ်လာနိုင်တယ်။ ဒါပဲစိုးရိမ်တယ်” ဟု ပြောဆိုသည်။

ပြည့်သူ့ဆေးရုံနှင့် ဗုဒ္ဓဘာသာဘုန်းကြီးကျောင်း ၂ ခုတွင် စစ်သားအများဆုံးနေထိုင်ကြပြီး ဘုန်းကြီးကျောင်းတစ်နေရာထဲမှာတင် စစ်အင်အား ၁၀၀ ဝန်းကျင်ခန့်ရှိကြောင်း သူကဆက်ဆိုသည်။

မြို့တွင်း ထပ်မံတပ်စွဲနေထိုင်လာသော စစ်သားများသည် ယခုလအတွင်း ဗန်းမော်ဘက်မှတိုးချဲ့လာသော အာဏာသိမ်းစစ်တပ်အောက် တပ်မ ၈၈ တပ်ဖွဲ့ဖြစ်ကြောင်း ဒေသခံများ၏ ပြောဆိုချက်မှ သိရသည်။

ဒေါ့ဖုန်းယန်မြို့တွင် ခလရ ၁၄၂ တပ်ရင်းတည်ရှိပြီး ပြီးခဲ့သည့်လမှ ယနေ့တိုင် အဆိုပါစခန်းသို့ မြို့သစ်၊ နွမ်းလန့်ဘက်မှ စစ်အင်အားတိုးချဲ့မှုများနှင့် ရိက္ခာပို့ဆောင်မှုများ ရှိနေဆဲဖြစ်သည်။

ထိုသို့ပို့ဆောင်သော ရိက္ခာယာဉ်တန်းနှင့် စစ်ကြောင်းကို နွမ်းလန့်နှင့် ဒေါ့ဖုန်းယန်ကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်မှုများ ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...