မွန်ပြည်နယ်ရှိ မြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း

မွန်ပြည်နယ်ရှိ မြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း

စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းနိုင်ရေးအတွက် မြို့အသီးသီးတွင် လူငယ်များမှ ဦးဆောင်ဖွဲ့စည်းထားသော ပြည်သူ့ကာကွယ်ရေးအဖွဲ့များ ဇွန်လအလယ်မှစတင်ပြီး ပူးပေါင်းမှုတွေ ပြုလုပ်လာခဲ့ပါတယ်။

မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့အနေဖြင့် မွန်ပြည်နယ်အတွင်းရှိ အခြားမြို့များဖြစ်သော ပေါင်၊ သိမ်ဇရပ်ရှိ မြို့ခံပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့် ဘုံသဘောတူညီချက်များချမှတ်ကာ ပူးပေါင်းကြောင်း ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။

"ဘုံသဘောတူညီချက်တွေမှာ ဘယ်လိုမျိုး ချိတ်ဆက်ဆောင်ရွက်မယ်ဆိုပြီး ထည့်သွင်းထားတာတွေရှိပါတယ်။ ဖော်ပြလို့မရသေးလို့ပါ" ဆိုပြီး မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ကိုအာရွန်မိုးက သံလွင်တိုင်းမ်သို့ ပြောပါသည်။

ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းတာနဲ့ပတ်သတ်ပြီး "ပူးပေါင်းတာတွေက ကောင်းပါတယ်။ ဒါပေမယ့် ပူးပေါင်းပြီးမှ အချင်းချင်းသဘောထားကွဲလွဲပြီး ငြင်းခုန်ကြရင်တော့မကောင်းဘူး" ဟု မော်လမြိုင်မြို့ခံလူငယ်တစ်ဦးက ပြောပါတယ်။

မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့သည် မကွေး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ပူးပေါင်းကြောင်းကိုလည်း ဇွန်လ ၁၅ ရက်နေ့တွင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

 
 

 

 

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...