ကျိုက်ထို ကဒတ်ချောင်းမှာ ပစ်ခတ်မှုဖြစ် ရဲတစ်ဦးသေဆုံး

ကျိုက်ထို ကဒတ်ချောင်းမှာ ပစ်ခတ်မှုဖြစ် ရဲတစ်ဦးသေဆုံး

ကျိုက်ထိုမြို့နယ်၊ ကင်မွန်းချောင်းရှိ ကဒတ်ချောင်းမှာ ဒီကနေ့ နေ့လည်ပိုင်းက KNU နှင့် ရဲတပ်ဖွဲ့တို့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ရဲတဦးသေဆုံးကာ ရဲတစ်ဦး လက်မောင်းထိခဲ့ပြီး အရပ်သားတစ်ဦး ပေါင်မှာဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

ကဒတ်ချောင်းအနီးမှာ စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့က နေရာယူမှုရှိခဲ့ပြီးနောက် ရှေ့ရက်ကလည်း ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒီကနေ့ပစ်ခတ်မှုမှာတော့ ရဲတစ်ဦးသေဆုံးမှုဖြစ်ခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တဦးနှင့်အတူ ရဲတွေက ကဒတ်ချောင်းမှာ မွေးနေ့ပွဲလုပ်ပြီး သောက်စားအော်ဟစ်မှုပြုလုပ်နေစဉ် KNU တပ်ဖွဲ့နှင့် အသေးစားတိုက်ပွဲတစ်ခုအသွင်ဖြစ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်ခဲ့ကာ ရဲတစ်ဦးက နေရာတွင်ပင်သေဆုံးပြီး ရဲတစ်ဦးလက်မောင်းမှာ ကျည်ထိခဲ့ပါတယ်။

စစ်ကောင်စီရဲတပ်ဖွဲ့က ထွက်ပြေးခဲ့ပြီး KNU မှ လိုက်လံပစ်ခတ်ခဲ့ပြီး အရပ်သားတစ်ဦး ပေါင်တွင် ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ တိုက်ပွဲပြီးဆုံးခဲ့ပေမယ့် စစ်ကောင်စီတပ်ဖွဲ့တွေက ယင်းနေရာကို ပိတ်ဆို့ စစ်ဆေးမှုတွေလုပ်နေတယ်လို့ သိရပါတယ်။

August 7, 2026
တော်လှန်ရေးတပ်ဖွဲ့များ၏ လှုပ်ရှားမှု အားနည်းသွားသည့် မွန်ပြည်နယ်၊ သထုံခရိုင်အတွင်း စစ်တပ်...
August 7, 2026
မွန်ပြည်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ ငွေကြေး (လုပ်စားခွင်) ဖြစ်လာမှုနှင့်အတူ ပြည်သူများ...
August 6, 2026
မွန်ပြည်အတွင်း စက်သုံးဆီပြတ်လပ်သည့် အကျပ်အတည်းများ ဆက်လက်ဖြစ်ပေါ်နေသော်လည်း စစ်အုပ်စု လက်အောက်ခံ...
ပုံဟောင်း (Crd)
August 5, 2026
မွန်ပြည်၊ သထုံခရိုင်အတွင်း၌ စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က ဒေသခံပြည်သူများကို ဒေသန္တရအမိန့်...