သဲခုံကျေးရွာတွင် သေနတ်ပြခြိမ်းခြောက်ဓါးပြတိုက်ခဲ့သူ အကြိုင်အား မွန်ပြည်သစ်ပါတီက မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်

သဲခုံကျေးရွာတွင် သေနတ်ပြခြိမ်းခြောက်ဓါးပြတိုက်ခဲ့သူ အကြိုင်အား မွန်ပြည်သစ်ပါတီက မြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်
by -
သံလွင်တိုင်းမ်
ရေးမြို့နယ်၊ ကော့လှိုင်ကျေးရွာအုပ်စု၊ သဲခုံကျေးရွာတွင် ယခုနှစ်ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့ ညပိုင်းက သေနတ်ပြခြိမ်းခြောက်ကာ ငွေကြေးနှင့် ရွှေထည်ပစ္စည်းများဓါးပြတိုက်ခဲ့သူ အကြိုင်(ခ)မောင်ဝင်း အသက် (၄၂)နှစ်ဆိုသူအားမေလ ၁၇ ရက်နေ့ နံနက်ပိုင်းက မွန်ပြည်သစ်ပါတီထားဝယ်ခရိုင်၊ အမှတ်(၂)တပ်ရင်း၊ ၀ယ်ဇင်စခန်းတွင် ရေးမြို့နယ်ရဲတပ်ဖွဲ့သို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

" တရားခံ နိုင်အကြိုင် ကို မွန်ပြည်သစ်ပါတီ ရေးတောင်ပိုင်းမှာရှိတဲ့ ဝယ်ဇင်စခန်းကနေ ရေးမြို ့နယ်ရဲတပ်ဖွဲ ့ကို လွှဲအပ်မယ်ဆိုတဲ့အတွက် ကျွန်တော်ဦးစီးပြီးတော့ ခေါဇာနယ်မြေရဲစခန်းမှူး ပါဝင်တဲ့ အဖွဲ ့ကနေ ယနေ ့မေလ (၁၇) ရက်နေ
့နံနက် (၁၀း၄၅) အချိန်မှာ ကောင်းမွန်စွာနဲ ့တရားခံလွှဲပြောင်းလက်ခံဆောင်ရွက်ခဲ့ပါတယ်။ တရားခံကိုတော့ အခင်းဖြစ်စဉ်မှာ သူအသုံးပြုခဲ့တဲ့ လက်နက်ခဲယမ်းနဲ ့အသုံးပြုခဲ့တဲ့ ပစ္စည်းတွေကိုတော့ လွှဲပြောင်းပေးအပ်ခဲ့ခြင်းမရှိခဲ့ပါဘူး။

တရားခံ နိုင်အကြိုင်ကိုတော့ ရေးမြို့မရဲစခန်းကို ခေါ်ဆောင်ပြီးတော့ အသေးစိတ်စစ်ဆေးမေးမြန်းလျှက်ရှိပါတယ် " ဟု ရေးမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမြင့်သော်က သံလွင်တိုင်းမ်ကို ပြောသည်။

အကြိုင်ဆိုသူမှ သဲခုံကျေးရွာသို့ ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့၊ ည ရ နာရီအချိန်ကရောက်ရှိလာပြီး ယင်းကျေးရွာရာအိမ်မှူး ဦးမြင့်သိန်းအား ဘုန်းကြီးကျောင်းမှခေါ်ထုတ်၍ လမ်းတွင် သေနတ်ပြခြိမ်းခြောက်ကာ ၀တ်ဆင်ထားသည့် ရွှေ (၅)မူးသားလက်စွပ်(၁)ကွင်းတောင်းယူခဲ့ကြောင်း၊ ယင်းနောက် ရွာအတွင်းရှိ ဒေသခံများထံက ငွေကြေးနှင့် ရွှေထည် စုစုပေါင်း ၃၈ သိန်းကျော်ခန့်ယူဆောင်ခဲ့ကြောင်းနှင့် ယင်းအမှုနှင့်ပတ်သက်၍ ခေါဇာနယ်မြေရဲစခန်းက (ပ) ၈/၂၀၁၇၊ ရာဇသတ်ကြီးပုဒ်မ-၃၉၂ အရ အမှုဖွင့်အရေးယူထားခဲ့သောအမှုဖြစ်ကြောင်း သိရသည်။

" လက်နက်ပြပြီး ငွေတောင်းတာတွေ ရွာတွေမှာလုပ်နေတဲ့သူပါ၊ ခုလို ဖမ်းဆီးရမိတဲ့အတွက် ဒေသခံတွေအတွက် သတင်းကောင်းပါပဲ " ဟု ခေါဇာမြို့ ဒေသခံတစ်ဦးက ပြောသည်။

ရေးမြို့နယ်ရဲတပ်ဖွဲ ့မှ တရားခံ နိုင်အကြိုင် (ခ) မောင်ဝင်း အား အသေးစိတ်စစ်ဆေးပြီးမှ ဖြစ်စဉ်အသေးစိတ်နဲ ့အတူ သက်သေခံ ပစ္စည်းတွေ ပြန်လည်ရရှိရေး၊ ၄င်းနှင့်အတူ ပါဝင်ခဲ့သ့်အဖွဲ ့များအား ထပ်မံဖေါ်ထုတ်စစ်ဆေးသွားရေး၊ စီ
မံလျှက်ရှိကြောင်း ရဲမှူးမြင့်သော်က ပြောကြားသည်။

နိုင်အကြိုင် (ခ) မောင်ဝင်း ဆိုသူမှာ ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလ ၂၅ ရက်နေ့က တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်အခြေပြု ခလရ (၂၇၃) တွင် အလင်းဝင်ရောက်ခဲ့သည့် နိုင်မွန်ချမ်းအဖွဲ့မှဖြစ်ပြီး ၊ အလင်းဝင်ရောက်ပြီးနောက် ပေါက်ပင်ကွင်း-ရေး ကားလိုင်းပြေးဆွဲခြင်းလုပ်ငန်း လုပ်ကိုင်ခဲ့သူဖြစ်ကြောင်းလည်း သိရသည်။

ဓာတ်ပုံ-MOI/CJ
May 14, 2026
လျှပ်စစ်မီး အချိန်ကြာမြင့်စွာ ပြတ်တောက်မှုတွေ ရှိနေပေမယ့် မွန်ပြည်နယ်မှာ လျှပ်စစ်မီး...
May 13, 2026
မွန်ပြည်နယ် ရေးမြို့နယ် လမိုင်းမြို့မှာ အမှတ် ၁၀၆ ခြေလျင်တပ်ရင်းက ဒုတပ်ရင်းမှူး ဗိုလ်မှူး...
May 12, 2026
တနင်္သာရီတိုင်း ထားဝယ်မြို့ ဆန်ချီးရပ်ကွက်မှာ အုပ်ချုပ်ရေးမှူး လင်မယား နှစ်ဦး သေနတ်နဲ့...
May 11, 2026
မွန်ပြည်နယ် ပေါင်မြို့နယ်မှာ လွှတ်တော် ကိုယ်စားလှယ်များရုံး ဆောက်လုပ်ဖို့ ဆိုကာ မွန်ညီညွတ်...