လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်

လိုင်ဇာမြို့အနီး အာဏာသိမ်းစစ်တပ်၏ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်

KIO ဗဟိုဌာနချုပ် လိုင်ဇာမြို့အနီး လဂျားယန်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အာဏာသိမ်းစစ်တပ်၏ ရိက္ခာသယ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၈ ရက်နေ့ ယနေ့နံနက် ၉ နာရီခန့်အချိန်တွင် ဒေါ့ဖုန်းယန်အခြေစိုက် ခလရ (၁၄၂) တပ်ရင်းမှတက်လာသော စစ်ရိက္ခာသယ်ကားယာဉ်တန်း ၁၆ စီးကို KIA တပ်ဖွဲ့က ယခင်လိုင်ဇာမြို့အဝင် လဂျားယန် (Laja Yang) ကျေးရွာတွင် တိုက်ခိုက်ခဲ့သောကြောင့် စစ်ကား ၄ စီးပျက်စီးသွားကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

 

“စစ်အင်အားတော့မပါဘူး။ အဲ့ကားယာဉ်တန်းကို လုံခြုံရေးယူလာတဲ့ စစ်သားအနည်းငယ်သာပါတယ်။ ပြီးတော့ စစ်သားတွေနဲ့ပတ်သက်တဲ့ စစ်ရိက္ခာတွေပါတယ်။ အဲ့ဒါကို KIA က အနောက်ဘက်ကနေ ဝင်ပစ်တော့ ကား ၄ စီးထိသွားတယ်လို့ ကြားရတယ်။ အသေးစိတ်တော့မသိရသေးဘူး” ဟု ပြောဆိုသည်။

ဇွန်လ ၇ ရက်နေ့ကလည်း မိုးမောက်မြို့နယ် နွမ်းလန့်ကျေးရွာဘက်မှ အာဏာသိမ်းစစ်တပ်၏ စစ်အင်အား ၂၀၀ ကျော်ခန့်ပါသည့် စစ်ယာဉ်တန်း ၈ စီးကို ဒေါ့ဖုန်းယာန်မရောက်မှီ လိုင်ဂျော်ကုန်းတွင် KIA တပ်ရင်း ၁၉ က ကြားဖြတ်တိုက်ခဲ့သောကြောင့် စစ်တပ်ဘက်က သေဆုံးသူမသိရသော်လည်း ထိခိုက်သူ အယောက် ၃၀ ကျော်ရှိခဲ့ကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲပြန်လည်ပြင်းထန်လာကာ မြစ်ကြီးနား-ဗန်းမော်လမ်းမပေါ်ရှိ အာဏာသိမ်းစစ်တပ် အင်အားတိုးချဲ့သွားလာမှုကို KIA က ပစ်ခတ်တိုက်ခိုက်မှုများ ပုံမှန်ပြုလုပ်နေကြောင်း သိရသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...