ရခိုင်လူငယ်များ ခေတ်နှင့်အညီ စွမ်းရည်မြင့်ဖို့ လူမှုအဖွဲ့များနှင့် ပရဟိတအဖွဲ့များ သင်တန်းပေး

ရခိုင်လူငယ်များ ခေတ်နှင့်အညီ စွမ်းရည်မြင့်ဖို့ လူမှုအဖွဲ့များနှင့် ပရဟိတအဖွဲ့များ သင်တန်းပေး

နည်းပညာမြင့်မားလာသည့် ယခုခေတ်ကာလတွင် ရခိုင်ပြည်က မျိုးဆက်သစ်လူငယ်များ စွမ်းရည်မြင့်ရန် လိုအပ်နေသည့်အတွက် ရခိုင်ပြည်ထဲက မြို့နယ်တော်တော်များများတွင် ကွန်ပျူတာ၊ အင်္ဂလိပ်စာ၊ နိုင်ငံရေးသိပ္ပံနှင့် အခြားလူ့အခွင့်အရေးဆိုင်ရာ၊ အမျိုးသမီးအခွင့်အရေးနှင့် ဖက်ဒရယ်ရေးရာတို့ကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့် ပရဟိတလူငယ်အသင်းအဖွဲ့များက သင်ကြားပေးနေကြောင်း သိရသည်။

စစ်တွေမြို့တွင် ညီညွတ်သော ရခိုင်လူငယ်များအစည်းအရုံးမှ အခမဲ့သင်ကြားပေးနေသည့် သင်တန်းမှာဆိုလျှင် နိုင်ငံရေးသိပ္ပံနှင့် အခြေခံကျန်းမာရေးစောင့်ရှောက်မှုဘာသာရပ်များ ပါဝင်ကြောင်း တာဝန်ရှိသူများက ပြောသည်။

ညီညွတ်သော ရခိုင်လူငယ်များအစည်းအရုံးမှ ပြောရေးဆိုခွင့်ရှိသူ ကိုနေဝင်းက “ကျနော်တို့ အဓိကပြတဲ့ သင်တန်းတွေကတော့ ကွန်ပျုတာသင်တန်းအပြင် အင်္ဂလိပ်စကားပြောသင်တန်းရယ်၊ နောက်ပြီးတော့ နိုင်ငံရေးသိပ္ပံသင်းတန်းရယ်၊ နောက် Source skill သင်တန်းတွေပြတယ်။ အရင်တုန်းကတော့ ကျနော်တို့ ၁ လအနေနဲ့ အခြေခံကျန်းမာရေးစောင့်ရှောက်သင်တန်းတွေကို သင်ပြခဲ့တာတွေရှိပါတယ်” ဟု ပြောသည်။

ညီညွတ်သော ရခိုင်လူငယ်များအစည်းအရုံးမှ ဦးဆောင်ပြီး မင်းပြားနှင့် စစ်တွေမြို့တို့တွင် လူငယ်စွမ်းရည်မြင့်သင်တန်းများ သင်ကြားပေးနေပြီး သင်တန်းသား ၆၀ ကျော်ရှိကြောင်း သိရသည်။

ယင်းအပြင် မြောက်ဦးမြို့တွင်လည်း မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) နှင့် Public Center တို့ကလည်း ကွန်ပျူတာနှင့် ဂီတာသင်တန်းတို့ကို သင်ကြားပေးနေကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

မြောက်ဦးလူငယ်များအစည်းအရုံး (MUYA) ၏ စာကြည့်တိုက်ကော်မတီအဖွဲ့ဝင် မခိုင်နှင်းဦးက “ ဒီမြောက်ဦးလူငယ်များအစည်းအရုံးရဲ့ ပန်တိုင်လို့ပြောလို့ရတယ်ကွာ၊ ဘာလဲဆိုတော့ လူငယ်တို့ရဲ့ လိုအပ်ချက်တွေကိုပေါ့နော် အထောက်အကူပြုပေးနိုင်တဲ့သင်တန်းတွေ၊ လှုပ်ရှားမှုတွေကို စွမ်းစွမ်းတမံအကောင်အထည်ဖော် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ပန်းတိုင်ရှိတယ်။ အဲပန်းတိုင်နဲ့အညီပဲပေါ့။ ညီမတို့က ဒီမှာ အခု သင်တန်းတွေကို ဖွင့်ဖြစ်တယ်။ ပြီးလို့ရှိရင် လူငယ်တွေကို သင်တန်းတွေကို မတက်နိုင်ကြဘူး။ အချို့သင်တန်းတွေက လက်လှမ်းမမီတဲ့ သင်တန်းတွေရှိတယ်။ လူငယ်တွေကပေါ့နော် လမ်းပျောက်နေတယ်။ ဘာသင်တန်းတက်လို့ တက်ရမှန်းမသိဘူး။ ကွန်ပျူတာသင်တန်းဆိုရင်လည်း အခြားနေရာတွေမှာ ဈေးကြီးပေးပြီး တက်ရတယ်။ ဂီတာသင်တန်းဆိုရင်လည်း အဲလိုမျိုးပေါ့။ လူငယ်တွေ အဲလိုပေါ့နော် လက်လှမ်းမီအောင်ဆိုပြီးတော့ ညီမတို့ဘက်က အခမဲ့ ဖွင့်ပေးတာဖြစ်ပါတယ်” ဟု ပြောသည်။

စွမ်းရည်မြင့်သင်တန်းများမှာ လူငယ်များအတွက် အခြေခံစွမ်းရည်များဖြစ်သည့်အတွက် လာရောက်တက်ခြင်းဖြစ်ကြောင်း ညီညွတ်သောရခိုင်လူငယ်များအစည်းအရုံးမှ စစ်တွေတွင်ဖွင့်လှစ်ထားသည့် သင်တန်းတွင်တက်ရောက်နေသည့် ကိုထွန်းနိုင်စိုးက ပြောသည်။

“ဒီသင်တန်းတက်ရတဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဒီသင်တန်းဟာ လူငယ်တွေရဲ့ စွမ်းရည်တွေကိုအဓိက မြင့့်တင့်ပေးတဲ့အတွက် တက်ရတာဖြစ်တယ်။ နောက်ပြီးတော့ ဒီသင်တန်းက နိုင်ငံနဲ့ပြည်သူကြားမှာ ဆက်စပ်တဲ့ ဆက်နွယ်မှုတွေကို သိရတဲ့အတွက် တိုးတက်မှုတွေရှိပါတယ်” ဟု ပြောသည်။

မြတန်ဆောင်းဖောင်ဒေးရှင်းမှလည်း ကျောက်ဖြူ၊ မြောက်ဦးနှင့် လေးမြို့မြစ်အထက်ဘက်ပိုင်းတွင် ကွန်ပျူတာသင်တန်းကျောင်းဖွင့်လှစ်ထားပြီး အမ်း၊ မြေပုံနှင့် ပေါက်တောဒေသများတွင်လည်း ကွန်ပျူတာသင်တန်းကျောင်း ၈ ခုအထိ ဖွင့်လှစ်ရန် စီစဉ်လျက်ရှိကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

တောင်ကုတ်မြို့တွင်လည်း တောင်ကုတ်လူငယ်ကွန်ရက်က ဦးဆောင်ပြီး ဒေသတွင်းမှာရှိနေသည့် လူငယ်များကို အိုင်တီနည်းပညာမိတ်ဆက်သင်တန်းများကို ပြုလုပ်လျက်ရှိကြောင်း သိရသည်။

စစ်တွေနှင့် မြေပုံမှာတော့ လူငယ်များစာဖတ်စွမ်းရည်မြင့်မားလာရန်အတွက် စာအုပ်များကို အခမဲ့ငှားရမ်းခြင်းနှင့် ရွှေ့လျားစာကြည့်တိုက်များ လုပ်ပေးလျက်ရှိကြောင်း ဦးဆောင်သူများကပြောသည်။

April 22, 2026
အာရက္ခတပ်တော် ထိန်းချူပ်ရာဒေသများရှိ တောတောင်များ၌ အိမ်သုံးသစ်ခုတ်သူများကို အာရက္ခပြည်သူ့ အစိုးရ...
နတ်ရေကန်ဗျုဟာကုန်းအနီးက ကမ္ဘာလုံးစခန်းကို ၂၀၂၅ အောက်တိုဘာလက တွေ့ရစဉ်။ ဓာတ်ပုံ - AK Htoo
April 21, 2026
အာရက္ခတပ်တော်(AA)နှင့် တော်လှန်ရေးတပ်တို့ ပိတ်ဆို့တိုက်ခိုက်နေသည့် မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ...
ရခိုင်မြို့သိမ်းတိုက်ပွဲတစ်ခုအတွင်း AA က ဖမ်းဆီးရမိသည့် စစ်ကောင်စီ တပ်သားများကို တွေ့ရစဉ်။ ဓာတ်ပုံ- AA Info Desk
April 20, 2026
တိုက်ပွဲအတွင်း ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများ၊ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ (ARSA)နှင့် ဆက်စပ်သူများ...
April 11, 2026
တိုက်ပွဲများ ရှိနေသည့် စစ်တွေမြို့တွင် စစ်ကောင်စီသည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အဖြစ် ဝန်ကြီး ၈...