လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရသော အုပ်ချုပ်ရေးမှူးများ ပြန်လည်လွတ်မြောက်လာ

လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရသော အုပ်ချုပ်ရေးမှူးများ ပြန်လည်လွတ်မြောက်လာ

ပူတာအိုမြို့နယ် ဆွမ်ပီယန် (Sumpyi Yang) ကျေးရွာအုပ်စုမှ လူသားဒိုင်းအဖြစ် ခေါ်ဆောင်ခံရသော အုပ်ချုပ်ရေးမှူးများ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ အုပ်ချုပ်ရေးမှူးအဖွဲ့ကို ယမန်နေ့ ဇွန်လ ၅ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်ခန့်က အစည်းအဝေးခေါင်းစဉ်ဖြင့်ခေါ်ယူကာ ပူတာအိုမြို့ဘက်သို့ ကားတစ်စီးဖြင့် ခေါ်ဆောင်သွားခြင်းဖြစ်သည်။

အုပ်ချုပ်ရေးမှူးများကို ကားပေါ်တင်ပြီး ပူတာအိုဘက်သို့ ခေါ်ဆောင်သွားသည်ကို တွေ့မြင်ကြောင်း ဒေသခံတစ်ဦးက KNG ကို သတင်းပေးလာသည်။

"အုပ်ချုပ်ရေးမှူးတွေကို အစည်းအဝေးရှိတယ်ဆိုပြီး ကျောင်းမှာခေါ်တယ်။ အဲ့မှာရောက်တာနဲ့ အားလုံးကို တစ်ခါထဲ ကားပေါ်ခေါ်တင်သွားတယ်။ ခေါ်သွားတာက ပူတာအိုဘက်ဟုတ်တယ်" ဟု ပြောဆိုသည်။

အာဏာသိမ်းစစ်တပ်က ၎င်းတို့၏ လမ်းခရီးလုံခြုံရေးအတွက် ဆွမ်ပီယန် (Sumpyi Yang) ကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးနှင့် ဆယ်အိမ်မှူး ၁၇ ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ပူတာအို မူလာရှီးဒီး ခလရ ၁၃၈ တပ်အထိ လိုက်လံပို့ဆောင်ခိုင်းခဲ့ကြောင်း သိရသည်။

ယနေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွှတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

ဆွမ်ပရာဘွမ်နှင့် ပူတာအို လမ်းမပေါ်တွင် အာဏာသိမ်းစစ်တပ်၏ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် KIA က ပစ်ခတ်မှုများရှိသောကြောင့် ယခုလို အုပ်ချုပ်ရေးမှူးများကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။

ဓာတ်ပုံ - ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ ဗုံးကြဲတိုက်ခိုက်ခံရမှု
August 8, 2026
စစ်ဘက်ဆိုင်ရာ တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ဝန်ဂရကျေးရွာ...
ဓာတ်ပုံ - KNG (တိုက်ပွဲကြောင့် နေရပ်ပြန်တော့မည့် မော်ဝမ်းလေး စစ်ရှောင်ပြည်သူများ)
August 7, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်၊ မော်ဝမ်းလေးကျေးရွာအုပ်စု၊ ဆွတ်ငိုင်ယန်ကျေးရွာမှ...
ဓာတ်ပုံ - လမ်းပိုင်းပျက်စီးပြီး ကုန်ကားတွေကို ဆင်နဲ့ ဆွဲတင်နေတဲ့မြင်ကွင်း
August 6, 2026
မန္တလေး - မြစ်ကြီးနား အဓိကကုန်စည်ပို့ဆောင်ရေး လမ်းကြောင်းပေါ်ရှိ စီပိန်းကျေးရွာတစ်ဝိုက်တွင်...
ဓါတ်ပုံ - ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာတွင် ရွှေတူးဖော်နေသည့် မြင်ကွင်း။
August 6, 2026
ကချင်ပြည်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်၊ ဆင်လုံဒမ်း (၂) ကျေးရွာရှိ လယ်ယာမြေများတွင်...